Fiction ကိုအစမှာထဲကလေ characters တွေ psychopathဆန်တယ်လို့ပြောထားပါတယ်နော် တကယ်လို့လေ fiction lifeနဲ့ real life နဲ့ကိုခွဲမမြင်ဘူးဆို ဒီအပိုင်းကစပြီး ဆက်မဖတ်တာ ပိုေကာင်းလိမ့်မယ်
Red light တော့မဟုတ်ပင်မဲ့ other mature theme တွေကြောင့် mature content on
လည်း on ထားပါတယ်
Jerry ပြောချင်တာကိုနားလည်မယ်လို့ထင်ပါတယ်....
ဒီနေ့ဟာ K company ရဲ့ Christmas ညစာစားပွဲနေ့ဖြစ်သည်။ဝန်ထမ်းတွေအကုန်လုံး အပြင် ရှယ်ယာရှင်တွေနဲ့ တစ်ခြားဧည့်သည်တွေပါ ပါဝင်ဆင်နွှဲကြသော ပွဲတစ်ခုဖြစ်သည်။
ရေခဲနှင့်ပုံဖော်ထားသော company ရဲ့ logo ကိုခမ်းနားစွာတွေ့မြင်နိုင်သည်။စားသောက်ဖွယ်ရာ အပြည့်နှင့် ခင်းကျင်းပြင်ဆင်နေကြသည်။
သတင်းမီဒီယာတွေလည်း သူနေရာနဲ့သူရောက်နေကြသည်။
မောင်ကတော့ အခမ်းအနားမစခင် မိန့်ခွန်းပြောမည်ဖြစ်သောကြောင့် သေချာပြင်ဆင်နေသည်။
အခုလိုမြင်တော့ ကျောင်းတုန်းက ပြဇာတ်အတွက် မောင်ကမင်းသားလေးလုပ်ခဲ့တာသတိရပါသေးတယ်။ ပြောရရင် မောင့်ကိုချစ်ရေးဆိုခဲ့တဲ့နေ့ဆိုလည်း ဟုတ်ပါရဲ့။
ဟုတ်ပါတယ် သူ့ဘက်ကစပြီး မောင့်ကိုဖွင့်ပြောခဲ့တာပါ။
မောင်သရုပ်ဆောင်ကျင့်နေတာကို ဘေးက နေကူညီရင်း ကောင်မလေးတွေမောင့်ကိုလာပေးထားတဲ့ မုန့်တွေယူစားပြီး မောင့်ကိုငေးကြည့်နေမိရင်း သိလိုက်တာက မောင့်ကိုငေးကြည့်ရတာကိုတောင် သဘောကျတယ်။
ရိုမီယိုနဲ့ဂျူလိယက် ပြဇာတ်မှာ မောင်ကရိုမီယိုနေရာက ကြည့်ရင်းနဲ့ငိုမိတယ် သဝန်တိုလွန်းလို့ ဂျူလိယက်ေနရာမှာ သရုပ်တောင်တဲ့မမကသိပ်လှပါရောပဲ။ မကောင်းတဲ့စိတ်မှန်းသိပင်မဲ့ မောင်သရုပ်ဆောင်တဲ့ ရိုမီယို ဂျူလိယက်က ကွဲသွားမှာကိုဝမ်းသာမိတယ်။
အလယ်မှာခဏနားတုန်း မောင့်ကိုမိတ်ကပ်ပြင်ပေးဖို့ မောင့်အနားသွားသည်။ တကယ်တော့ဘာမှမပြင်တတ်ပါဘူး မောင့်မျက်နှာလေးထိချင်လို့ ပေါ်တင်အသားယူတာပါ။
မောင့်ကိုနှုတ်ခမ်းနီဆိုးပေးနေတုန်း အကြည့်မခွာနိုင်...အတန်ကြာမှာတော့ မောင်ခံစားရလိုက်ရမှာပါ ချိုမြိန်တဲ့အနမ်းတေကို။

VOUS LISEZ
Love in the Criminal {Completed}
Fanfictionမောင်က အချစ်ကြီးသလို အမျက်လည်းကြီးတယ်သဲငယ် မောင်ကလွဲပြီး မင်းကိုဘယ်သူမှမပိုင်ဆိုင်ရဘူး မင်းရဲ့ ပိုင်ရှင်က မောင်ပဲဖြစ်ရမယ်...