"ကျောင်းတတ်နေပြီ..မဝင်သေးဘူးလား chimon"
"အင်...ငါဝင်မှာပါ....ဒါပေမဲ့"
"ပထမဆုံးနေ့မလို့ကြောက်နေတာလား...မကြောက်ပါနဲ့ ငါတို့ကျောင်းမှာဘယ်သူ့ကမှ ကိုယ့်အကြောင်းမဟုတ်ရင် မစပ်စုဘူး"
ဘာလို့မစပ်စုလဲဆိုတာ chimon သိတာပေါ့။ ထိုကျောင်းဟာ ကြီးကြီးတက်ချမ်းသာတဲ့သူတွေဟာတတ်နိုင်တဲ့ကျောင်းပင်။ နိုင်ငံအကြံပေးရဲ့ သားသမီးတွေ။ အမတ်တွေရဲ့ကလေးတွေသာတတ်တဲ့ကျောင်း။
အရာရာဟာပိုက်ဆံနဲ့စီချယ်ထားတဲ့ထိုကျောင်းမှာ ပညာသင်ဆုနဲ့လာတဲ့ကျောင်းသားတွေလဲ ခနခနပြောင်းကြတယ်လို့သတင်းတွေလဲ ထွက်နေတာပဲ..။
ဒါပေမဲ့သူ့အတွက်တော့ ထိုကျောင်းမှမတတ်ရရင် ဘယ်ကျောင်းမှတတ်ခွင့်ရတော့မည်မဟုတ်တာသိ၍ ဘာတွေပဲ ဖြစ်လာပါစေ သည်းခံဖို့သာဆုံးဖြတ်ထားရသည်။
"လာတော့"
အရှေ့ကထွက်သွားသော သူငယ်ချင်း ဖတ်စ်နောက် chimon ဖြေးဖြေးချင်းလိုက်သွားသည်။
သူပြောတာလဲဟုတ်သည်။ ဘယ်သူကမှ ကျန်တော်တို့ဝင်လာတာကို အဖက်လဲမလုပ်သလို ရှိမှန်းတောင်သိမည့်ပုံမပေါ်။
ကျန်တော်ကတော့အမြဲတမ်းဒီလိုသာ သူ့ကိုလျုပ်လှုရှုထားဖို့မျော်လင့်သည်။
ကျန်တော် ဖတ်စ်ဝင်သွားတဲ့အခန်းထဲ လိုက်ဝင်သွားတော့အခန်းထဲမှာ ကျောင်းသားအနည်းငယ်သာရှိသည်။
ကျောင်းတတ်ခေါင်းလောင်းသာတီးနေတာ ဘယ်သူမှအခန်းထဲမရောက်သေးပေ။ ရှိနေသည့်သူတွေကလဲ ဖုန်းကြည့်တဲ့သူကကြည့် အိပ်တဲ့သူကအိပ် စကားဖွဲ့ပြောနေကြတဲ့သူကပြောနဲ့။
"ဒီမှာထိုင်"
ဖတ်စ်ကသူ့ခုန်ရဲ့အနောက်မှာ ကျန်တော့ကိုနေရာချပေးတော့ ကျန်တော်လဲ ဝင်ထိုင်လိုက်သည်။
"ဟျောင့်.."
"အင်"
"သူတို့ကအမြဲအဲ့လိုပဲလား"
chimon ဆိုလိုတာကို ဖတ်စ်နားလည်သည်။ ဒါကျောင်းသားသစ်တိုင်းမေးသည့် မေးခွန်းပင်မဟုတ်လား။
YOU ARE READING
The end of the love story (uni/zaw) (perthchimon)
Romanceကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...