chimon စာတွေအကုန်ရေးပြီးလို့ perth ဘက်လှည့်ကြည့်လိုက်တော့ perth ဟာစားပွဲအားမှီကာအိပ်ပျော်နေလေသည်။
chimon လဲ perth နားယျှောက်သွားလိုက်ပြီး အိပ်နေသည့် perth ကိုကြည့်ကာခပ်ရေးရေးလေးပြုံးမိသည်။
chimon တစ်ယောက် ခါးအားအနည်းငယ်ငုံ့လိုက်ကာ perth မျက်နှာကိုအနီးကပ်ကြည့်လိုက်ပြီး
"သူလိုကောင်က အိပ်နေရင်ကျ ချစ်စရာလေး"
"တကယ်လား"
perth ဟာရုတ်တရပ်မျက်လုံးပွင့်လာတာကြောင့် perth မျက်နှာအားအနီးးကပ်ကြည့်နေသည့် chimon နှင့်အကြည့်ချင်းဆုံသွားကာ chimon မှာကျောက်ရုပ်သဖွယ်ကြောင်ကြည့်နေတော့၏။
"ဟေးး...ဘာလို့ကြောင်ပြီးကြည့်နေတာလဲ"
"ဟမ်..အာ မ...မဟုတ်ပါဘူး"
chimon လဲအနောက်သို့ပြန်ဆုတ်သွားပြီး ရှက်ရမ်းရမ်းကာ ဂုတ်အားပွတ်နေလေသည်။
"ကိုယ်က တကယ်ချစ်ဖို့ကောင်းတာလား"
".........."
chimon မှာဖြေစရာစကားမရှိအောင်ပင် နှူတ်ဆိတ်နေပြီး နှခမ်းများကိုလဲ ခပ်တင်းတင်းစေ့ထားမိသည်။
"ဖြေလေ"
"ချီးပဲ perth!! ငါစာတွေအကုန်ကူးပေးပြီးပြီ..ပြန်တော့မယ်"
ဆိုကာ ထိုင်ခုံက လွယ်အိတ်ကိုဆွဲယူလိုက်ပြီး ထွက်ဖို့လုပ်လိုက်သော်လည်း perth ဟာပြန်ဆွဲထားပြန်ပြီး
"အတူတူပြန်မယ်လေ.."
"သေလိုက်ပါလား!"
chimon တစ်ယောက် perth လက်မှရုန်းကာ အခန်းထဲထွက်လာခဲ့သည်။
တော်ပါသေးတယ်။ အဲ့ကောင်လိုက်မလာတာ...ဟေူးး ငါလဲသူနဲ့ကြာကြာတွေ့နေရင်အသက်တိုတော့မယ်။
တွေးရင် လမ်းယျှောက်လာသည်မှာ ကားပါကပ်နားရောက်လာလေပြီ။ ဘာလ်ု့လဲတော့မသိ။ အမှတ်တမဲ့ perth ကားထားရာနေရာကိုလှမ်းကြည့်လိုက်မိတော့ perth ကားနားတွင် မိန်းကလေးများ စုနေကြကာ perth အလာကိုစောင့်နေကြလေရဲ့။
"ဟွန်းးး ဘာလို့အဲ့လိုကောင်ကိုမှ မိန်းကလေးတွေတမ်းတမ်းစွဲနေရတာလဲ။ အရပ်ကိုကပေမမှီထောက်မမှီနဲ့ လူကြည့်တော့လဲ ချမ်းသာရုံကလွဲ ပြီးဘယ်နားသုံးစစားရလို့လဲ"
![](https://img.wattpad.com/cover/330151120-288-k523035.jpg)
YOU ARE READING
The end of the love story (uni/zaw) (perthchimon)
Romanceကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...