17

408 28 2
                                    

"အိုက်ဖတ်စ်...မင်းအဆင်ပြေရဲ့လား"

ဘလ်အမေးအား ဖတ်စ်တစ်ယောက်ဘာတုန့်ပြန်မှုမှမပေးခဲ့ချေ။

"ဖတ်စ်...ငါပြောတာကြားလား...ဖတ်စ်!"

"ဟမ်"

ဘလ် ဖတ်စလက်မောင်းအားဆွဲလှုပ်လိုက်ကာမှ သူ့ဘက်ကိုပြူးကြောင်ကြောင်လေနှင့်ပြန်ကြည့်လာ၏။

" အဆင်ပြေရဲ့လားလို့"

"အမ်..အင်းး ပြေ..ပြေပါတယ်"

"မင်းကြည့်ရတာတစ်ခုခုကိုစိတ်လေးနေသလိုပဲ ငါ့ကိုပြောပြကြည့်လေ"

"ဘလ်..."

"အင်း"

"မင်းသိတယ်မှတ်လား..ငါငါ့အဖေကိုဘယ်လောက်ချစ်မှန်း"

"သိတယ်လေ မင်းအဖေကလဲမင်းကိုအရမ်းချစ်တာပဲကို"

"အင်းး ငါ့နီးတူ ငါ့အဖေကလဲစန္ဒယားကလပ်ကိုအရမ်းမြတ်နိုးတာ..ဒီနေ့ ညနေ....စန္ဒယားကလပ်ကိုဖြတ်ဖို့လုပ်ကြတော့မယ်"

"......."

ပြောရင်းမျက်ရည်တွေဝဲလာသော ဖတ်စ်အားသူ့ဆာနာပါသည်။

ဘလ်လဲ ဖတ်စ်အားသူ့ပုခုံးပေါ်မှီစေလိုက်ကာ

"ငိုချလိုက်ပါ..မင်းအားရတဲ့အထိ"

ဘလ်ပြောပြီးသည်နှင့် သူ့ပုခုံးကိုမျက်နှာအပ်လို့ကလေးလိုငိုချလာသည့် ဖတ်စ်အားဘလ်ဘာမှမကူညီနိုင်ပါ။

အခုလိုအချိန်မှာသူငိုဖို့ကိုယ့်ပုခုံးကသာအသင့်ရှိနေလိုက်လေမည်။ အချစ်ဆိုတဲ့အရာဟာ တဖက်ပေးဆပ်ခြင်းရယ်လို့ဘယ်ဟုတ်မလဲ။

သူလိုအပ်ချိန်မှာကိုယ်ရှိနေပေးတာက သူ့အတွက်အကောင်းဆုံးလုပ်ပေးနိုင်ခြင်းပါပဲ။

.
.
.
.

"ဆရာ...ဆရာ!"

အခန်းတံခါးကိုအသဲအသန်လာခေါက်နေသည့်အလုပ်သမားကြောင့် အခန်းထဲ၌အလုပ်လုပ်နေသာ့်သူလဲမခံနိုင်စွာဝင်ခွင့်ပြုပေးလိုက်ရသည်။

"ဆရာ..! သ..သခင်လေး ကုမ္ပဏီမှာလာသောင်းကျန်းနေပြီ"

"ဘာ!"

အခန်းထဲဝင်လာသည့်အလုပ်သမား၏စကားကြောင့်သးလည်း ဒေါသထွက်သွားကာ ထိုအလုပ်သမားလမ်းပြသည့်အတိုင်းထွက်လာခဲ့၏။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now