ဖတ်စ်နိုးတော့ မွေ့ယာတစ်ခုပေါ်ရောက်နေလေပြီး အင်္ကျီတွေလဲ လဲထားပေးသေးသည်။
မနေ့ညက သောက်ထားသည့်အရှိန်ကြောင့် ခေါင်းတွေကိုက်နေပေမဲ့ ကြိုးစားထလိုက်ပြီး အနီးနားစာပွဲပေါ်က ဖုန်းအားယူကြည့်လိုက်တော့ မနတ် ၁၀ နာရီတောင်ကျော်လို့နေပြီ။
"ချီးး!"
သူ့ဖုန့းအားခေါ်ထားသည့် ဖုန်းတွေအများကြီးကိုမြင်လိုက်ရတာကြောင့် ဖတ်စ်ထအော်မိ၏။
ဆက်ထားသူကတော့ ဘလ်ပင်။
ထို့နောက် ဖတ်စ်လဲ ထိုအခန်းကြီးထဲမှထွက်သွားကာ ကျောင်းသို့လာခဲ့၏။
ကျောင်းသို့ရောက်တော့ ဘာမှမစားရသေးတာကြောင့်ကန်တင်းစီအရင်ပြေးရလေသည်။
ကန်တင်းစီပြေးမှ ဘလ်နဲ့တည့်တည့်တိုးပြီး ဘလ်ကတော့အိမ်စာထိုင်လုပ်နေလေရဲ့။
"အိုက်ဘလ်..."
ဖတ်စ် ဘလ်ဘေးနားဝင်ထိုင်ပြီးခေါ်လိုက်တော့မော့ကြည့်လာသည့်ဘလ်။
"မနေ့ညကဘာလို့ဖုန်းမကိုင်တာလဲ။ ငါအများကြီးခေါ်ထားတာ"
စစလာတာနဲ့ဒီကိစ္စကိုရစ်တော့မယ်ဆိုတာကြိုသိထားသည့် ဖတ်စ်မှာတော့ ဆင်ခြေရှာရလေသည်။
"ငါ...ငါမနေ့ညကဖုန်းပျောက်သွားလို့ပါ"
"အခုရော"
"ပြန်တွေ့ပြီ..ငါ့အမေယူသွားတာ။ သူ့ဖုန်းမဲ့မှားပြီး.."
"အော်..ဒါဆိုပြီးရော...ဒီနေ့လဲနောက်ကျနေတယ်။ ခနနေအတန်းစတော့မှာ"
"အင်းး ငါအိပ်ယာထနောက်ကျသွားလို့"
ဖတ်စ်စကားအားပြန်မတုန့်ပြန်ပဲ ဖတ်စ်အားသေချာတစိုက်ကြည့်နေသည့်ဘလ်ကြောင့် ဖတ်စ်အလိမ်ပေါ်သွားမှာစိုး၍ အံကိုကြိတ်ထားမိ၏။
"မင်း...အရက်တွေသောက်လာတာလား"
"ဟမ်! မ..မဟုတ်ပါဘူးး"
"ငါမင်းစီကိုအရက်နံရတယ်။ ပြကြည့်!"
ဆိုကာ ဖတ်စ်၏အင်္ကျီကော်လံကိုဆောင့်ဆွဲလိုက်ပြီးခေါင်းအားဖတ်စ်အားသို့တွန်းကာ အနံခံကြည့်နေနသည့် ဘလ်ကြောင့် ဖတ်စ်အသက်တောင်မရှုရဲ။
YOU ARE READING
The end of the love story (uni/zaw) (perthchimon)
Romanceကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...