"ဘာဖြစ်လို့ငါ့ကိုခေါ်လာတာလဲ "
ကျန်တော်စကားကြောင့်သူလဲ သွားနေရာကရပ်လိုက်တယ်။ သူနောက်ကိုကျန်တော်လိုက်လာတာ အခန်းနဲ့တောင်တော်တော်အလုမ်းဝေးနေပြီ။
လူသိပ်မလာတဲ့ ကျောင်းစတိုခန်းနားရောက်တော့ကျန်သည်းမခံနိုင်တော့ပဲ လုမ်းပြောလိုက်မိသည်။
"ငါဘယ်သူလဲသိလား"
"မင်းကိုမသိတဲ့သူမှမရှိတာ"
"အင်း ကောင်းတယ်..ငါ့အကြောင်းလဲသိတယ်ဆိုတော့ မင်းရိုက်ထားတဲ့ video ကို ဖြတ်လိုက်တော့"
"ငါဘာလို့မင်းခိုင်းတာလုပ်ရမှာလဲ"
"ဘာလို့လဲဆိုတော့ ငါဖြစ်နေလို့ပဲ ဒီကျောင်းမှာဘယ်သူမဆို ငါ့စကားကိုနာခံရတယ် ဆရာမတွေကအစပေါ့"
"ဒါပေမဲ့ ငါက ဆရာမမှမဟုတ်တာ"
perth က chimon ရဲ့ကော်လံကိုဆွဲဆောင့်လာပြီး သူ့နားတိုးလာသည်။ စူးရဲနေသည့်မျက်လုံးများက သူဒေါသထဃက်နေမှန်းသိသာ၏။
"မင်းမဖြတ်ဘူးဆိုရင် ငါ့အကြောင်းကောင်းကောင်းသိစေရမယ်"
"ငါလဲ မင်းအကြောင်းကောင်းကောင်းသိချင်ပါတယ်"
perth က chimon ကော်လံကိုဆွဲထားရာက တွန်းထုတ်လိုက်ပြီး ထိုနေရာမှထွက်သွားတော့သည်။
........
"ညနေကဘယ်လိုဖြစ်တာလဲ chimon"
"ဘာမှမဖြစ်ပါဘူး စကားခေါ်ပြောရုံပါ"
"ဘာပြောကြလဲ"
"မသိချင်ပါနဲ့..."
"မင်းကိုသူဘာလုပ်လိုက်သေးလဲ"
"ဘာမှမလုပ်ပါဘူးဆို"
"ငါစိုးရိမ်လို့ပါကွာ"
"အေးပါ..ငါနားလည်ပါတယ် အခုတော့ ငါအလုပ်ဝင်ရတော့မယ် မင်းလဲ ပြန်တော့ လိုက်ပို့ပေးလို့ ကျေးဇူးပဲ"
"အင်"
ကျန်တော်တို့နှစ်ယောက်နှုတ်ဆက်လိုက်ကြပြီး ကျန်တော်လဲ ကျန်တော်အလုပ်လုပ်ရမည့် စတိုးဆိုင်ထဲသို့ဝင်လာလိုက်သည်။
ထို့နောက်အင်္ကျီလဲကာ ကောင်တာမှာထိုင်နေလိုက်တော့၏။ ကျောင်းကစာတွေလဲ နောက်မကျအောင် ကောင်တာထိုင်ရင်း စာကြည့်နေလိုက်သည်။ စတိုးဆိုင်က ညပိုင်းလူနည်းတော့ စာကြည့်ဖို့အချိန်ကောင်းကောင်းရ၏။
![](https://img.wattpad.com/cover/330151120-288-k523035.jpg)
YOU ARE READING
The end of the love story (uni/zaw) (perthchimon)
Romanceကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...