23

323 15 0
                                    

"ငါလဲဘယ်သိပါ့မလဲ ဆတ်စ်ကသူ့ကိုအတင်းဆွဲခေါ်သွားတာ..ငါတောင်တားချိန်မရဘူး"

"တားချိန်မရတာလား မတားတာလား"

"နှစ်ခုလုံးပဲ"

chimon သူ့အကိုကိုအိမ်ပြန်ပို့ပြီးဖတ်စ်အခြေနေကိုလာကြည့်သော်လည်း ဆတ်စ်ခေါ်ထုတ်သွားသည်ဟုသာဘလ်ပြောလာသည်။

"စာမေးပွဲကနီးပြီကွ..ဖတ်စ်ကိုအဲ့အချစ်နွံထဲမှာမနစ်စေချင်ဘူး"

"သူ့ဖုန်းကငါ့အိမ်မှာကျန်ခဲ့တယ်။ စိတ်ချပါ..သူဖုန်းတော့ပြန်လာယူမှာပါ"

"ငါလဲဒီညမင်းအိမ်မှာအိပ်ရင်ကောင်းမလားစဥ်းစားနေတာ..ငါ့အကိုက အခုမှဆေးရုံကဆင်းတာဆိုတော့သူ့ကိုလဲစိတ်မကျလို့"

"မင်းနေချင်နေလို့ရပါတယ်..ငါအိမ်မှာတစ်ယောက်တည်း။ ဒါမှမဟုတ် ငါမင်းအိမ်လိုက်ခဲ့မယ်လေ"

ဘလ်က chimon နားကပ်ကာ တောက်ပနေတဲ့မျက်လုံးတွေနဲ့ခွေးလေးအစာတောင်းသလိုလာမျော်နေတော့ chimon အနည်းထူးဆန်းမိသွား၏။

"ဘာလို့ လိုက်ချင်တာလဲ"

"ဘာလဲ မခေါ်ဘူးလား"

"ငါမေးတာဖြေ"

".....မင်းက..အိမ်မှာတစ်ယောက်တည်းလေ မင်းအကိုကလဲသိပ်မလှုပ်ရှားနိုင်ဘူးမှတ်လား...အဲ့တာကြောင့်ငါကူပေးချင်လို့ပါ"

"ဒါပေမဲ့ ငါတို့မှာအိပ်ခန်းနှစ်ခန်းပဲရှိတာ ငါ့အကိုရယ်..ငါရယ်...မင်းအိပ်ချင် ဆိုဖာမှာထွက်အိပ်"

"ရတယ်လေ"

"ဟမ်..."

"ရတယ်..သွားရအောင်။ မိုးခြိုပ်သွားရင် သွားလို့မကောင်းတော့ဘူး"

ကိုာ့်ထက်တောင်အိမ်ပြန်ဖို့တတ်ကြနေသည့်ဘလ်က chimon လက်ကိုဆွဲကာ ခေါ်ထုတ်လာတော့သည်။

chimon အိမ်ရောက်တော့ ဧည့်ခန်းမှာ မုန့်ထိုင်စားနေသည့်အကိုဖြစ်သူကိုအရင်တွေရြပြီးသူတို့ဝင်လာတာကိုသတိထားမိပုံမပါ်ချေ။

"chimon..ငါသန့်စင်ခန်းသုံးလို့ရမလား"

"အွန်ရပါတယ်..တည့်တည့်ဝင်သွားလိုက် အဆုံးမှာရှိတယ်"

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now