perth တစ်ယောက်ပြန်နိုးလာတော့ဆေးရုံးတစ်ခုရဲ့Vip အခန်းက ကုတင်ပေါ်ရောက်နေချေပြီ။
ကိုယ့်လက်ကိုယ်ပြန်ကြည့်မိတော့ လက်ကောက်ဝတ်နေရာမှာပတ်တီးစီးပေးထားသလိုသွေးလည်းသွင်းနေရတာမြင်တော့
ကျေနပ်စွာပြုံးမိလိုက်၏။သူလိုချင်တာဒါမျိုးလေ..သူ့ကိုယ်ထဲကသူ့ဖခင်ရဲ့သွေးတွေကိုဖောက်ထုတ်ခဲ့ပြီး သူစမ်းတစ်ယောက်ရဲ့သွေးတွေကိုသာအစားလိုချင်ခဲ့တာ။
ထိုစဥ်အခန်းတံခါးပွင့်လာတာကြောင့် မမြင်ချင်တဲ့သူအားမမြင်ရဖို့ perth အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
သေချာတာကတော့အခန်းထဲဝင်လာသည်မှာ လူတစ်ယောက်ထပ်မကပင်။
သူနာပြုတစ်ယောက်ကသူ့ရဲ့သွေးထုတ်ကိုစစ်ပေးနေတာကိုအာရုံခံမိနေပေမဲ့အိပ်ချင်ယောင်သာဆောင်လိုက်၏။
"လူနာက ပင်ပန်းလို့အနားယူနေတာနေမှာပါ။ စိုးရိမ်စရာတော့မရှိတော့ပါဘူးရှင့်"
"ဟုတ်..ကျေးဇူးတင်ပါတယ် အစ်မ"
ဟမ်..ဒီအသံက!
"mon!"
လှဲနေရာကငေါက်ခနဲထ ထိုင်ကာအသံလာရာကိုကြည့်လိုက်တော့သူ့အားပြူးကြောင်ကြောင်လေးကြည့်နေတဲ့ chimonပင်။
ဒါအိမ်မတ်မဟုတ်ပါဘူးနော်..။အိမ်မတ်ဆိုရင်လက်ကောက်ဝတ်ကဘာလို့အဲ့လောက်နာနေမှာလဲ
"နိုးနေတာလား perth"
"mon..."
ကျန်တော်ဘာမှပြန်မပြောနိုင်ပဲ chimon ကိုသာပြေးဖတ်ရန်ကုတင်ပေါ်ကဆင်းဖို့လုပ်တော့ chimon ကအပြေးလေးလာတား၏။
"ဘာလုပ်တာလဲ..မင်းသွေးသွင်းနေတယ်မမြင်ဘူးလား"
"အဟင့်..ကိုယ့်ရဲ့ monလုံးလေး"
ပြောရင်း mon ရဲ့ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်တော့ဆူတတ်လာတဲ့နှခမ်းလေးကဆွဲနမ်းချင်စရာအတိ။
"လွှတ်..လွှတ်တော့ perth! သတိရလာတာနဲ့ ပြသာနာကစရှာပြီ။ မင်းသတိလစ်နေတာပဲကောင်းတယ်"
ထုံးစံအတိုင်းပွစိပွစိပြောနေပြန်တဲ့ ကိုယ့်ရဲ့ mon လုံးလေးအားရင်ခွင်ထဲထည့်ကာပွေ့ဖတ်ထားလိုက်မိ၏။
![](https://img.wattpad.com/cover/330151120-288-k523035.jpg)
YOU ARE READING
The end of the love story (uni/zaw) (perthchimon)
Romansကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...