Chapter1.unicode

26.3K 419 6
                                    

1.တိမ်တောင်နှောင်ကြိုး

၁၉၆၀ခုနှစ်လောက်ကိုအခြေခံပြီးရန်ကုန်ရဲ့လူနေမှုအတိုင်းရေးဖွဲ့ထားခြင်းဖြစ်သည်။စကားပြေအရေး
အသားမို့ခါတိုင်းဖတ်နေကြစကားပြောအရေးအသားမဟုတ်ပါ။
(ပျင်းစရာကြီးဖြစ်နေမလားတောင်မပြောတတ်ဘူး)
ပြီးတော့ဤဇတ်လမ်းပါအကြောင်းအရာတွေကစာရေးသူရဲ့စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်တာကြောင့်ဗဟုသုတရှာမြှီးရန်အလို့ဌာဖတ်ရန်သင့်သောစာပေအမျိုးအစားမဟုတ်ပါကြောင်းလည်းကြိုတင်အသိပေးလိုပါတယ်။

                          အပိုင်း(၁)
မြင့်မိုရ်&ဒေစီဘခက်

စီစီ့ဘဝမှာဘာများစိတ်တိုင်းကျလုပ်ခွင့်ရှိခဲ့သလဲ။
မွေးဖွားလာတုန်းကတော့မိဘနှစ်ပါးရဲ့အစွမ်းကုန်
အလိုလိုက်အကြိုက်ဆောင်မှုတွေရဲ့အောက်မှာစီစီ့
ဘဝကံကောင်းလွန်းခဲ့တယ်ဟုဆိုနိုင်ပါသည်။ဗြုန်း
စားကြီးအမေဆုံးပါးသွားတော့လူလားမမြောက်သေးတဲ့စီစီကဖွားဖွားကြီးရဲ့ခေါ်ယူမွေးခြင်းကိုခံရတယ်။ဖွားဖွား၊ဒေါ်ကြီး၊ဒေါ်လေးနဲ့အစ်မတွေမျက်စိအောက်မှာတင်းကျပ်လွန်းတဲ့စည်းကမ်းတွေကြားထဲ
ကနေစီစီတစ်ယောက်ပျိုဖော်သွေးဝင်ခဲ့တယ်။

လောကကြီးအကြောင်းစီစီဘာမှမသိ၊လွတ်လပ်မှုအရသာကိုလည်းစီစီမခံစားခဲ့ဘူး။ဒီကနေ့အထိဒေါ်ကြီး၊ဒေါ်လေးတစ်ယောက်ယောက်မှမပါရင်စီစီတစ်ယောက်ထဲလမ်းထွက်ခွင့်ပင်မရှိ။
ဖွားဖွားကြီးရဲ့... မိန်းခလေးဆိုတာကနေအစချီလိုက်သောအက်ကြောင်းထပ်နေတဲ့ဓာတ်ပြားဟောင်းကြီးလိုသွန်သင်မှုတွေအောက်မှာဗိုင်းကောင်းကျောက်ဖိအပျိုမတစ်ယောက်အဖြစ်နဲ့နေထိုင်ရသည်။

တကယ်တော့ဖွားဖွားကြီးကစီစီတို့ကိုယစ်ပူဇော်ခံ
သားကောင်အဖြစ်နဲ့သန့်ရှင်းစင်ကြယ်အောင်မွေးမြူခဲ့ခြင်းပေလော.....။
အဘယ်ကြောင့်ဆို...
မနက်ဖြန်ခါမှာစီစီရဲ့ပျိုစင်ကညှာသွေးအားကိုကို့ဆီ
သို့ဆက်သကြပေတော့မည်။
မနက်ဖြန်ခါနောက်ပိုင်းမှာတော့စီစီဟာကိုကို့လက်
ဝယ်ပိုင်ဆိုင်ထားတဲ့ယမင်းရုပ်တစ်ရုပ်အဖြစ်ရှိနေပေတော့မည်။
အို စီစီ့သဘောထားလေးမေးမြန်းကြပါအုံးလား...
လူမှန်ရင်အသဲနှလုံးရှိကြတယ်ရှင့်...

တိမ်တောင်နှောင်ကြိုး Complete Where stories live. Discover now