13.တိမ်တောင်နှောင်ကြိုးအပိုင်း-၁၃
နောက်တစ်နေ့မနက်မှာဘယ်လိုသတင်းရလဲမသိ၊ရှယ်လီတို့သားအမိအိမ်ရောက်လာပါသည်။
ကိုကိုနဲ့ဘယ်လိုဖြစ်ကြတာလဲဘာညာပေါ့။အိမ်မှာရှိနေတဲ့ဒေါ်လေးကနေ..
"ဘာမှမဖြစ်ဘူး။ လင်နဲ့မယား၊လျှာနဲ့သွားဆိုသလိုပဲ ၊ရန်မဖြစ်ဖူးတဲ့လင်မယားဘယ်မှာရှိလို့လဲ။
တို့အမေကပေးစားတာမှန်ပေမယ့် မြင့်မိုရ်ကိုယ်တိုင်ကလည်းသဘောကျပါတယ်၊ချစ်ပါတယ်ဆိုပြီးယူထားတာ....မနေ့ကလည်းမူးသာနေပေမယ့်မခွဲနိုင်ဘူး၊မကွာနိုင်ဘူးချည်းအတွင်တွင်ပြောနေတာ...
ဒါကိုဘေးဘီကနေသူများလင်မယားဘယ်တော့ကွဲမလဲချောင်းမြှောင်းပြီး ဆင့်ဟိုအဝှာကြီးခွေးမျှော်
သလို.. သူများလင်ကိုရနိုးရနိုးမျှော်နေတဲ့ဟာတွေကတမှောင့်။မြင့်မိုရ်ကတုပ်တုပ်မလှုပ်တာတောင်ဘာသာတောင်ပြောင်းပါ့မယ်ဘာမယ်နဲ့...
ဟွန့် တို့တွေကမသိဘူးမှတ်လို့..."" ဟင် ဟုတ်လားဘယ်သူတွေလဲ..."
" ရှိတာပေါ့အေ၊ မိယုတ်ဖယုတ်နဲ့မိန်းမယုတ်တွေလေ..."
မြင့်မိုရ်ကလက်မထပ်ခင်ကတည်းကစီစီရည်းစားထားတာကိုသိနေတယ်ဆိုတာမိရှယ်လီတို့လက်ချက်ပဲဟုဒေါ်လေးကတထစ်ချယုံနေသည်။ရှယ်လီ့အဖေကမြင့်မိုရ်အမေနဲ့မောင်နှမအရင်းခေါက်ခေါက်၊ဒါပေမယ့်မြင့်မိုရ်ငယ်ငယ်ကသူတို့ချင်းအဆက်အဆံမရှိကြဘူး။
မြင့်မိုရ်ဒီအိမ်ရောက်လာတော့ပစ္စည်းထုတ်ကြီးပါလာမှန်းသိမှ၊တူအရင်းမို့သူတို့မွေးစားမယ်ဆိုပြီး စစ်ပြီးခေတ်မှာလာတောင်းသေးတယ်။
မြင့်မိုရ်ကနားလည်တဲ့အရွယ်ရောက်နေပြီဆိုတော့အမေကြီးကနေ..
"ကဲ မြင့်မိုရ်ကနင်တို့နဲ့နေချင်တယ်ဆိုခေါ်သွား" ဆိုပြီးသွားခွင့်ပြုပါသည်။ဒါပေမယ့်မြင့်မိုရ်ကသူ့ဖာသာအဖွားနဲ့ပဲနေမယ်ဆိုပြီးရွေးလိုက်တာဖြစ်သည်။
အရွယ်ရောက်လာတော့လည်းမိရှယ်လီကမြင့်မိုရ်
ကို ကိုကို ကိုကိုဆိုပြီးသိပ်ကပ်တာ၊ ဟိုကမကြိုက်လို့သာမညားတာ။
BẠN ĐANG ĐỌC
တိမ်တောင်နှောင်ကြိုး Complete
Tiểu Thuyết Chung၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထောင်ရေးဇတတ်လမ်းတစ်ပုဒ်