14.တိမ်တောင်နှောင်ကြိုး
အပိုင်း-၁၄
စကားများပြီးရင်ကိုကိုကယောက်ျားပီပီအိမ်ကရှောင်ထွက်သွားတဲ့အခါ..စီစီကအိမ်မှာကျန်ပြီးမျက်ရည်တောက်တောက်ကျသည်။
တစ်ခါငိုလိုက်ယုံနဲ့လည်းမပြီးတွေးလိုက်ငိုလိုက်နဲ့
တော်တော်မျက်ရည်လွယ်သောမိန်းခလေးဖြစ်သည်။
ကိုကိုအိမ်ပြန်လာသောအခါနီရဲမို့အစ်နေသောမျက်
လုံးများနဲ့ပါးပြင်ကိုတွေ့ရကာ..ကိုကိုနဲ့ခပ်လှမ်းလှမ်းမှာသမီးကိုချီပြီးဖြစ်စေ၊ကုတင်ပေါ်မှာအိပ်ချင်ယောင်ဆောင်ပြီးဖြစ်စေနေတတ်သည်။ကိုကိုဘိုမကြီးနဲ့သာယူပါလားတဲ့...
သြော် ဘိုမကိုကြိုက်မှတော့စီစီနဲ့တောင်ညားမလားကွယ်။ကိုကို့မှာကိုယ်ပိုင်အရည်အချင်းနဲ့ဇနီးလောင်းရှာမလို့ရရာမိန်းမကောက်ယူခဲ့တာမဟုတ်ကြောင်းတော့စီစီသိစေချင်တယ်။ကံကော်မြေလို့အများခေါ်ကြတဲ့တက္ကသိုလ်သီလာမြကျွန်းသာမှာကပြားသွေးနှောကိုကိုကဘယ်လောက်တောင်နာမည်
ကြီးခဲ့သလည်း ကိုကို့နှမမှမသိရှာပဲ..။
ဗမာလော၊တိုင်းရင်းသူလော၊ဘိုကပြားလောကိုကိုသာသဘောကြရင်ရွေးတွဲလို့ရခဲ့သားပဲ..
အဲ့တုန်းကတော့ကိုကိုဟာသမီးရည်းစားရေးနဲ့အိမ်
ထောင်ရေးအပေါ်ဘယ်လိုမှရည်မှန်းချက်မထားခဲ့ပါဘူး။စောစောစီးစီခြေချုပ်ကျမှာကြောက်တာလဲပါတာပေါ့...
ဘယ်နှယ့်ဆိုမိန်းခလေးရှင်တွေကကျားမရည်ငံယုံ
တောင်မကြံသေး၊အိမ်ခေါ်ပြီးဘယ်တော့လက်ထပ်မှာလဲ?အရင်မေးကြသည်ကိုး...။ကိုကိုနဲ့သာလက်ထပ်ရမယ်ဆိုနှစ်ခြင်းခံပြီးဘာသာပြောင်းမယ်ဆိုတဲ့မိန်းခလေးတွေလည်းတစ်ပုံကြီး..စီစီနဲ့ရင်းနှီးကျွမ်းဝင်သူထဲမှာပင်ရှိသည်။
ဘာသာရေးကခံယူချက်နဲ့ပဲဆိုင်တယ်လေ၊ဘာခံယူချက်မှမရှိပဲပုတ်သင်ညိုလိုအရောင်ပြောင်းပြီးအလိုက်သင့်နေတတ်တဲ့လူတွေရဲ့အကျင့်စရိုက်ကလည်း နှစ်လိုဖွယ်မကောင်းပါဘူး။ကိုကို့အဖေနဲ့အမေကတစ်ဘာသာဆီကိုးကွယ်ကြ
တယ်၊အဖေ့ကိုယူလိုက်လို့လည်းအဖေ့ဘာသာထဲ
အမေလိုက်မ၀င်ပါ(အဲ့တာကြောင့်နဲ့တချို့အခွင့်အရေးတွေတော့အမေဆုံးရှုံးတာပေါ့)။
ကိုကိုကတော့သားယောက်ျားလေးမို့ဖခင်ဘာသာထဲဝင်တာသဘာဝကြပါတယ်။
အဖေ့ကိုပါပါလို့ခေါ်ပေမယ့် အမေကသူ့ကိုတော့
မေမေလို့သာခေါ်ခိုင်းတယ်။
ကိုကို့အမေကိုအဖေနဲ့ဘယ်လိုချစ်ကြိုက်ခဲ့လဲကိုကို
မေးခွင့်မရလိုက်ပေမယ့်..ကိုကို့အမေကသိပ်မြန်မာ
ဆန်မှန်းတော့ကိုကိုမှတ်မိတယ်။
စီစီ့လိုပဲဆံပင်အရှည်ကြီးနဲ့ဆံထုံးအမြဲထုံးထားတတ်တယ်။အကျီဆိုလည်းပဒုမ္မာပိတ်ပါးတောင်တစ်
ခါမှမ၀တ်ဘူး၊ ပိုးအကျီရင်ဖုံးကိုစိန်ကြယ်သီးတပ်ပြီး၊အချိတ်ထဘီဆင်နဲ့အမေကအမြဲတမ်းခန့်ခန့်
ညားညားနေတာ..
BẠN ĐANG ĐỌC
တိမ်တောင်နှောင်ကြိုး Complete
Tiểu Thuyết Chung၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထောင်ရေးဇတတ်လမ်းတစ်ပုဒ်