12.တိမ်တောင်နှောင်ကြိုး
အပိုင်း-၁၂
" စီစီ မင်းတကယ်ရူးနေပြီလားဟမ်...
ဘာလို့ ကိုယ့်ကိုယ်ကိုဒီလောက်စိတ်ဒုက္ခပေးနေရတာလဲ..."
မြင့်မိုရ်ကဒေါသဖြစ်ဖြစ်နဲ့ပြောပြီးမှစီစီရဲ့ရူးကြောင်
ကြောင်နဲ့ဖရိုမရဲဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးလေသံပြန်ပျော့ကာ..
"ကိုကိုမှားပါတယ်လို့တောင်းပန်နေတယ်လေ...
ယုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်အဲ့တာဘာမှမဟုတ်ဘူး
ခေါင်းထဲကထုတ်လိုက် ဟုတ်ပြီလား..."သူကစီစီ့ဆီကိုခြေတစ်လှမ်းတိုးလာတော့စီစီကနောက်ကိုခြေတစ်လှမ်းဆုတ်ပြီး..
" ဟင့်အင်း...."
သူကနောက်ထပ်ဆက်တိုးလာသည်။ မီးဖိုခန်းထဲမှာမို့အကျယ်ကြီးမဟုတ်သဖြင့်စီစီဆက်နောက်ဆုတ်စရာနေရာလွတ်မရှိတော့လို့ အရှေ့ကိုပြန်ထွက်ပြေးဖို့ကြံသည်။ဒါပေမယ့်မအောင်မြင်...စီစီချောင်ပိတ်မိနေတုန်းလူကိုအတင်းလာဖက်ပြီး..
" စီစီ့မှာအခုသမီးလေးရှိတယ်၊ ကိုကိုရှိတယ်...
ကိုကိုမင်းတို့သားအမိကိုတကယ်မခွဲနိုင်ပါဘူး
ကွဲဖို့ကွာဖို့တော့လုံးဝမစဉ်းစားနဲ့နော်
ကိုကိုအသက်ရှင်နေသရွေ့မဖြစ်နိုင်ဘူး။
ကိုကိုကတဒင်္ဂစိတ်သာယာမှုနောက်ကိုလိုက်မိတာပါ။
ဒါပေမယ့်လေယာဉ်ဘီးချတာနဲ့ကိုကို့သားမယားဆီ
ကိုပဲအပြေးပြန်လာတာပါ...ဒါတော့စီစီယုံပါ.."စီစီ့ကိုအယုံသွင်းဖို့ကြိုးစားနေပြန်သည်။
"ဟင့်အင်း ဟင့်အင်း မယုံဘူး....လွှတ်..လွှတ်.."
" စီစီ...."
သူဖက်ထားတဲ့ကြားကနေစီစီကငါရံ့မတစ်ကောင်
လိုထွန့်ထွန့်လူးအောင်ရုန်းကန်နေပြီး..သူကမလွှတ်ပေးမိသဖြင့်သူ့လက်မောင်းကိုကုန်းကိုက်ပါသည်။
အား.." စီစီ .....မင်း...">>>>>>>>>>
နေ့တိုင်းအိမ်ပြန်လာရင်ပြသနာရှာဖို့စောင့်နေတဲ့စီစီ့
ကြောင့်ကိုကိုစိတ်ပင်ပန်းရသည်။ဖောက်ပြန်သူလို့
လက်ညိုးထိုးစွပ်စွဲပြီးက်ိုကိုဘယ်လောက်ပဲတောင်း
ပန်ပြီးနားချပါစေနားလည်ပေးမယ့်ဟန်မရှိပေ။
စဉ်းစားကြည့်တော့လည်းစီစီဟာဘယ်တုန်းကမှ
ကိုကို့ကိုနားလည်ပေးနိုင်သူမဟုတ်ခဲ့ဘူး။
အသက်အရွယ်ကွာဟချက်၊အတွေးအခေါ်ကွာဟချက်ကြောင့် ၃နှစ်တာဒီအိမ်ထောင်ရေးမှာကိုကို့ဘက်ကလည်းအများကြီးနားလည်ပေးခဲ့ရတယ်ဆိုတာစီစီတစ်ယောက်မသိဘူး။
စီစီဟာသူ့ပတ်ဝန်းကျင်၊သူဖတ်တဲ့ဝတ္တု၊သူကြည့်တဲ့
ရုပ်ရှင်တွေလောက်ကိုသာလူ့လောကအစစ်အမှန်
လို့သတ်မှတ်ထားသည်။တကယ့်ပြင်ပကလောက
အမှန်ကိုတော့မသိရှာ...
စီစီဟာလှလှပပလေးပြင်ပြီးမှန်ဗီဒိုထဲမှာပဲထားဖို့ကောင်းတဲ့မင်းသမီးအရုပ်ကလေးပဲ။
VOUS LISEZ
တိမ်တောင်နှောင်ကြိုး Complete
Fiction générale၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထောင်ရေးဇတတ်လမ်းတစ်ပုဒ်