Chapter.7 zawgi

1.9K 30 2
                                    


7.တိမ်တောင်နှောင်ကြိုး

         အပိုင်း(၇)

စီစီကြောင့်ငပလီဟန်းနီးမွန်းပျက်ပြီးကိုကိုနားရက်
လက်ကျန်လေးတွေကို..ကိုကို့မယားအသစ်စက်စက်လေးနဲ့အတူလည်ရင်းပတ်ရင်းနှစ်ယောက်တစ်
ကမ္ဘာတည်မယ်ဟုစဉ်းစားထားသည်။
ကြည့်ပါအုံးဒါတောင်ကိုကို့အနားကိုမကပ်ချင်လှတဲ့
စီစီကလက်ဆောင်ထုတ်များကိုမပြီးနိုင်မစီးနိုင်ဖောက်နေသည်။ ဖောက်ပြီးကြည့်ပြီးသားများကိုလည်း
စာရင်းမှတ်ရတာနဲ့ခွဲတမ်းချရတာနဲ့ဘာလုပ်မှန်းကိုမသိ....
ညားခါစပူပူနွေးနွေးမောင်နှံဟာဒီလောက်အကွာအဝေးမရှိသင့်ဘူးဟုကိုကိုထင်သည်။

စီစီဒီလိုတစ်ယောက်ထဲအလုပ်ရှုပ်ချင်ယောင်ဆောင်တာကို ကိုကိုလုံးဝမကြိုက်ပါ။
မြန်မာမိန်းကလေးသဘောအရ ဒါကမူပိုခြင်း၊ကိုယ့်
ကိုယ်ကိုတန်ဖိုးတင်ခြင်းဟုစီစီယူဆထားပုံရသည်။
ကိုကိုကအနားသွားပြီးမွှေးမွှေးကြူပါက..
" အာ ကိုကိုကလည်း..နေ့ခင်းကြောင်တောင်ကြီး
ဘာမှန်းမသိ"
ဟုဆိုကာငြူစူနှုတ်ခမ်းစူပြီးထပြေးလိမ့်မည်။
ဒါကကိုကို့ဂုဏ်သိက္ခာကိုထိခိုက်စေမလားလို့တော့စီစီမတွေးတတ်ဘူး။
နေ့တော့ကောဘာဖြစ်လည်း..ယောက်ျားဟာသူ့မိန်းမကိုချစ်ဖို့နေ့နေ့ညညအချိန်ရွေးနေရမှာလား။

ကိုကို့ရဲ့လက်ကျန်နားရက်တွေကဘယ်လောက်
အထိအဖိုးတန်မှန်းစီစီသိခဲ့ရင်ကောင်းမယ်။

ကိုကို့ဘ၀မှာအိမ်ဆိုတဲ့ဝေါဟာရနဲ့ကင်းဝေးခဲ့တာ
နှစ်နှစ်ဆယ်ကျော်ခဲ့ပြီလေ။ဖွားဖွားအိမ်၊တက္ကသိုလ်အဆောင်၊လေကြောင်းသင်တန်းကအဆောင်
..ကိုကို့အမေဆုံးပါးသွားချိန်မှစလို့ ကိုကိုနေခဲ့သမျှနေရာတိုင်းဟာကိုကို့အတွက်အဆောင်သဘောမျှပဲရှိသည်။ဖွားဖွားအိမ်ကကိုကို့အတွက်နွေးထွေးခဲ့ပါတယ်....

ဒါပေမယ့်ကိုကို့အိမ်တော့မဟုတ်ဘူးလေ။
ဒါကြောင့်ကိုကိုလက်ထပ်တော့မဖြစ်မနေအိမ်ခွဲနေမယ်ဟုဆုံးဖြတ်သည်။
အခုအိမ်နဲ့ဆလွန်းကားတစ်စီးဝယ်ဖို့...ကိုကို့အမေထားခဲ့တာနဲ့အဖေ့ဆီကနေထပ်ရတာအားလုံးသုံး
ပစ်လိုက်ရသည်။ အဖွားဆီမှာကိုကိုကျောင်းတတ်
တုန်းကမုန့်ဖိုးရအောင်သတင်းစာတိုက်မှာအစုထည့်ဝင်ပေးထားတဲ့ငွေပမာဏပဲကျန်သည်။
အဲ့တာကိုတော့အဖွားကိုပဲကန်တော့တဲ့အနေနဲ့ကိုကိုပြန်ပေးခဲ့သည်။ ကိုကိုတို့လင်မယားနှစ်ယောက်
ထဲကကိုကို့လစာနဲ့ဆိုပိုလျှံပါသေးတယ်...

တိမ်တောင်နှောင်ကြိုး Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ