အပိုင်း-၁၄ (မနေ့ကအဆက်)
ကိုကိုကသူ့အလှည့်ကြတော့သည်းခံနိုင်စွမ်းသေးသေးလေးတောင်မရှိတဲ့ပုံနဲ့စီစီ့အားပြောဆိုပါသည်။
ဤသို့ဖြင့်မနက်ခင်းကြီးမှာလင်မယားအကြီးအကျယ်စကားများကြသည်။ပညာတတ်ကြီးဆိုပြီးမာနတစ်ခွဲသားနဲ့နေတတ်တဲ့ကိုကိုကလည်းရန်ဖြစ်ရင်တော့ လမ်းဘေးကအရက်သမားများနဲ့ဘာမျှမခြားပါ
...နိုင်ထက်စီးနင်းပြောဆိုတတ်သလို၊ဗမာစကားသာသိပ်မပြောချင်တာရန်ဖြစ်ရင်တော့စီစီ့ထက်တောင်ပြောတတ်ဆိုတတ်ရန်တွေ့တတ်သေးတာ.." မင်းသာရိုးသားရင် ကိုယ်နဲ့ဘာလို့ပေးမတွေ့တာလဲ?
အိမ်ထောင်ရှိတဲ့မိန်းမကသူစိမ်းယောက်ျားနဲ့ဘာမှ
အချိန်းအချက်အဆက်အသွယ်လုပ်စရာမလိုဘူး
စီစီ..."
" ဒါဆို အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်က
လည်းသူစိမ်းမိန်းမနဲ့အိပ်စရာဘူးပေါ့ ကိုကို..."" ဘာလဲ ကိုကိုနဲ့ခြေရာချင်းတိုင်းချင်တာလား...
တခြားဘယ်မိန်းမကအဲ့လိုလုပ်လို့ရလဲ..ပြောစမ်း
မင်းကြည့်တဲ့ရုပ်ရှင်တွေထဲမှာလား၊ မင်းဖတ်
တဲ့ဝတ္တုတွေထဲမှာလား.. "
" ကိုကိုတို့များသိပ်တရားကြဖို့ကောင်းတာပဲ..
သူကြနေချင်သလိုနေပြီး၊မယားကိုကျမိတ်ဆွေတောင်မထားရဘူးတဲ့.."" ဘယ်မှာနေချင်သလိုနေလို့လဲ...ကိုကိုဆင်ခြင်မယ်လို့ပြောပြီးသားနော် မင်းဖာသာသံသယတွေနဲ့
အချိန်တိုင်းစိတ်ဒုက္ခရှာပြီး လင်ကိုကောက်ကျစ်ချင်
နေတာ...
ကိုကိုမင်းကိုဘယ်လောက်ချစ်လဲမင်းသိသင့်တယ်
မင်းမသိဘူးဆိုရင်လည်း မင်းကရူးနေလို့ပဲ...
ဟုတ်တယ် မင်းကအတ္တရူး...
မင်းအတ္တနဲ့မင်းအချိန်တိုင်းရူးနေတာ.."
" ဒါဆို ကိုကိုကတဏှာရူးပေါ့.."
" ဘာပြောတယ်..."စီစီ့ကိုစိတ်ဆိုးပြီးလက်ရွယ်သေးသည်။စီစီကလည်း
ရိုက်လေရိုက်*ဆိုပြီးခေါင်းကိုမော့ပေးထားသည်။
ဒါပေမယ့်ဒီတစ်ခါစီစီ့ကိုလက်ပါမိရင်မယားစရိတ်
သာပေးပြီးသူ့မယားလုပ်ခွင့်ရတော့မှာမဟုတ်မှန်း
သိနေတော့.. ဘေးကသက်မဲ့ပစ္စည်းတွေအပေါ်မှာ
သူ့ဒေါသပုံကျသွားသည်။
ESTÁS LEYENDO
တိမ်တောင်နှောင်ကြိုး Complete
Ficción General၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထောင်ရေးဇတတ်လမ်းတစ်ပုဒ်