ချောသည် ကျောက်သင်ပုန်းရှေ့၌ နေရာယူ၍ ရယ်ကာမောကာ ဖြင့် စကားပြောနေသည့် ထိုသူ့အား တစိုက်မတ်မတ် ကြည့်နေလိုက်မိသည်။
ထိုသူသည် Newton၏ 3rd law အား ဥပမာလေးပေးကာ ရှင်းပြနေခြင်း ဖြစ်ပေသည်။ ကိုကြီး၏ အသိအကျွမ်းဖြင့် စတင် သိရှိခဲ့သည့်အချိန်က ထိုသူသည် အလွန်အမင်း အနေတည်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု ချော ထင်ခဲ့မိသည်။
သို့ပေမဲ့ အခု ဂိုက်ဆရာတစ်ဦးအဖြစ် ပြန်လည်မြင်တွေ့လိုက်ရသော ထိုသူ၏ ပုံစံက ချော ထင်ထားသည်နှင့် အတော်လေးကို ကွာခြားလှသည်။
ထိုသူသည် နေရာဒေသအထိုက်အလိုက် နေတတ်သူတစ်ဦးဟု ချောသည် မှတ်ချက်ပြန်ချလိုက်မိသည်။
"ပျိုမေချော"
ထိုသူသည် အတွေးလွန်နေသည့် တပည့်တစ်ယောက်အား လက်ပူးလက်ကြပ်မိသွားသည့် ဆရာတစ်ယောက်ဟန်ပန် အပြည့်ရှိသော်လည်း ချောကတော့ သူခိုးလူမိသွားသည့် ပုံမပေါက်နေဘဲ မူလအတိုင်း အေးအေးလူလူ လေးသာ ဖြစ်သည်။
"Newton ရဲ့ 3rd law ကို ဘယ်လို နားလည်သလဲ?"
ထိုသူသည် မျက်ခုံးတစ်ချက်ပင့်ရင်း မေးသည်။ ချော ဒီအဖြေအား မဖြေနိုင်ဘူးဆိုတာ သူသိပြီးသား ဖြစ်ပါလျက်နှင့် ဘာကြောင့် အချိန်ကုန်ခံနေရသလဲ ချော နားမလည်သေး။
"ဘယ်လိုမှ နားမလည်ပါဘူး"
တစ်ခန်းလုံး၏ မျက်နှာသည် ပြုံးစိစိဖြစ်သွားသော်လည်း ထိုသူကတော့ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
"ဒါဆို ပျိုမေချောက ကျွန်တော် စာရှင်းပြနေတာကို ဘာလို့ လိုက်မနားထောင်တာလဲ"
ချောသည် နှုတ်ဆိတ်သွားရသည်။ ဆရာ့အကြောင်းကို စဉ်းစားနေလို့ လိုက်နားမထောင် ဖြစ်တာဟု ဖြေလိုက်ရင် ကောင်းမလားဟု တုံဏှိဘာဝေလဲ ဖြစ်နေမိသည်။
"ကျွန်တော် သင်ဖူးသမျှ ကလေးတွေမှာ physics နဲ့ စာမေးပွဲကျတဲ့သူ မရှိဖူးသေးဘူး။ မပျိုမေချောက စပြီး စံချိန်မချိုးပါနဲ့"
ဆရာတစ်ယောက်၏ မာန်၊ ဆရာတစ်ယောက်၏ လောဘရိပ်သမ်းနေသည့် သူ၏ ပုံစံသည် ချောအတွက်တော့ စိမ်းသက်၍ နေပြန်သည်။
YOU ARE READING
Quark
Randomတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...