Unit 13

47 11 2
                                    

ချော ဒီနေ့တွင် အရင်ကထက် အိပ်ရာစောစော နိုးလာခဲ့သည်။ စိတ်အတက်အကျ မြန်သည့် ဆယ်ကျော်သက်ရွယ်ဟု မထင်ရအောင်ပင် ချောသည် တစ်ညတွင်းချင်းမှာပင် စိတ်ခံစားချက်များအား အနည်ထိုင်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ 

ချောသည် နေ့စဉ်ဓူဝကိစ္စရပ်များအား တစ်ခုပြီး တစ်ခု ပုံမှန်အတိုင်း ဆောင်ရွက်သည်။ အဖြူအစိမ်း ကျောင်းဝတ်စုံအား လဲလှယ်လိုက်ပြီးနောက် ဆံပင်များအား ဖြီးသပ်ရန် မှန်တင်ခုံရှေ့၌ နေရာဝင်ယူလိုက်သည်။

မှန်ထဲတွင် မြင်နေရသည့် ချော၏ မျက်နှာမှာ ပြောင်ပြောင်ဝင်းဝင်းလေး ဖြစ်နေသည်။ 

တကယ်တော့ ချောသည် သနပ်ခါးလူးရသည်ကို မကြိုက်။ ချော မျက်နှာက အဆီပြန်လွယ်သဖြင့် သနပ်ခါးလဲ မတင်။ ကံကောင်းသည်က ချောတို့ အတန်းပိုင်ဆရာမသည်လည်း သနပ်ခါးပါးကွက်ကြား လိမ်းသည်ကို မကြိုက်သဖြင့် ချော၏ မျက်နှာပြောင်မှာ အရင်နှစ်များကဲ့သို့ မျက်စိစပါးမွှေးစူးစရာ မဖြစ်တော့။

ချောသည် ကျောလယ်ထိ ရောက်လုနေပြီ ဖြစ်သည့် ဆံနွယ်ရှည်များအား ဖြီးသင်ပြီး ကျစ်ဆံမြီး စကျစ်ရန် ပြင်လိုက်စဉ်မှာပင် အခန်းတံခါး ခေါက်သံသဲ့သဲ့အား ကြားလိုက်ရသည်။

"ဪ ချော နိုးနေပြီလား။ မေမေက မနိုးသေးဘူးမှတ်လို့ လာနှိုးတာ"

မေမေက ရော့ရော့ရဲရဲလေး ပြုံးကာ ပြောသည်။ ချော နောကြေနေပြီ ဖြစ်သည့် မေမေ့ အကျင့်စရိုက်အရဆို မေမေသည် ထိုကိစ္စအား ချော ဘက်မှ ထုတ်ကာ မပြောမချင်း ဘာမှမဖြစ်ခဲ့သည့်အလား ဟန်ဆောင်၍ နေမည်သာ ဖြစ်သည်။ 

"မေမေ ချောကို ကျစ်ဆံမြီးကျစ်ပေးမလား။ ချော ဘာသာ လုပ်ရင် ကြာမှာစိုးလို့"

မေမေသည် ဘာမှပြန်မဖြေ။ သို့ပေမဲ့ ချောနှင့်အတူ အခန်းထဲသို့ လိုက်ဝင်လာသည်။ 

ချောသည် မှန်တင်ခုံ အရှေ့တွင် ပြန်နေရာယူလိုက်ပြန်သည်။ ဒီတစ်ခါတွင်တော့ မှန်ထဲရှိ ပုံရိပ်ယောင်လေးမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်လေတော့။

အသက် ၁၇ နှစ်အရွယ်တွင် ချောအား မွေးဖွားပေးခဲ့သည့် မေမေမှာ ၁၅နှစ်အရွယ် သမီးလေး တစ်ယောက်အား ပိုင်ဆိုင်ထားသော်လည်း ဇရာအရိပ်အယောင်တို့ မထင်ဟပ်သေး။

QuarkWhere stories live. Discover now