Unit 19

34 4 0
                                    

ယခုနောက်ပိုင်းတွင် ချော၏ တစ်နေ့တာ ကျင်လည်ရာ နေရာမှာ ပြောင်းလဲသွားခဲ့လေပြီ။ 'ကျောင်းသားများ စာကြည့်ရန်' ဆိုသည့် ရည်ရွယ်ချက်ဖြင့် တရားမဝင် ပိတ်ထားပေးသည့် ကျောင်းအားလပ်ရက်များကြောင့် ချော၏ တစ်နေ့တာတွင် ကျောင်းဟူသည့် နေရာအား သွားရောက်ရန် မလိုအပ်တော့။

စိမ်းက သူနှင့်အတူ စာကျက်ရန် ချောအား ခေါ်သော်လည်း စိမ်း အနှောင့်အယှက်ဖြစ်မှာ စိုးသောကြောင့် ချောသည် ထိုကမ်းလှမ်းချက်အား တိုက်ရိုက်ပင် ဖယ်ချလိုက်သည်။

သို့ဆိုလျှင် ချောအတွက်တော့ အိမ်အတွင်း အောင်းရန်ပင် ကျန်တော့မည်ဟု ဆိုရပေတော့မည်။ တကယ်တွင်လဲ ချောသည် တစ်နေကုန် အိမ်တွင်းအောင်း နေခဲ့သည်။ သို့ပေမဲ့ ထို အိမ် ဆိုသည့်နေရာမှာ ကြီးကြီး ပိုင်ဆိုင်သည့် အိမ်တော့ မဟုတ်။ ထိုအိမ်တံခါးအား ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် သော့အား ပန်းအိုးအောက်တွင် ဖွက်ထားတတ်သည့် ပညာရှိ တစ်ယောက် ငှားရမ်း ထားသည့် အိမ်လေးပင် ဖြစ်သည်။

ပျဉ်ထောင်အိမ်လေးမှာ သေးငယ်လှသည်။ သို့ပေမဲ့ လူနှစ်ယောက် ကွန်းခိုရန်တော့ လုံလုံလောက်လောက် ကျယ်ဝန်းလေသည်။

"ကိုယ် ကျောင်းသွားတဲ့အချိန် တစ်ယောက်တည်း လာနေတာ မပျင်းဘူးလား?"

သူသည် ချော၏ ဝဲကျနေသည့် ဆံနွယ်များအား ခပ်ဖွဖွ ကိုင်တွယ် ဆော့ကစားရင်း မေးသည်။

"အင်း ပျင်းပေမဲ့ ဒီနေရာကို ရောက်ရင် ကိုယ်နဲ့ သက်ဆိုင်တယ်လို့ ခံစားရလို့လေ"

"အမယ် အမိ ဒီအိမ်လေးက ငှားထားတာပါနော်"

သူသည် ချော၏ နှာခေါင်းလေးအား ခပ်ဖွဖွ ဆွဲကာ ပြောသည်။

"အဲ့လို ပိုင်တယ်ဆိုတဲ့ ခံစားချက်ရအောင် ပိုက်ဆံပေးပြီး ငှားထားတာပဲ မဟုတ်လား"

ချောသည် မကျေမနပ်ဟန်ဖြင့် စောဒက ပြန်တက်လိုက်သည်။ သူကတော့ ပြန်ပြောစရာ စကားမရှိတော့သည့်အလား တဟားဟား ရယ်မောလာသည်။

"ဗိုက်ဆာနေပြီ မဟုတ်လား၊ ကိုယ် တစ်ခုခု လုပ်ပေးမယ်လေ"

သူသည် ချော၏ နံဘေး၌ ထိုင်နေရာမှ ထရပ်လိုက်သည်။ ချောသည် တစ်ဖက်သူ ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် သူ၏ လက်အား ဖမ်းဆွဲလိုက်သည်။

QuarkWhere stories live. Discover now