"ပြန်ရိုက်မယ်။မင်းသမီးက နည်းနည်းလေးပိုပီးခံစားချက် ထည့်ပေး။အခုကြည့်ရတာ ဆောင်ဟွန်းကအရမ်းကောင်းလွန်းနေပီး မင်းသမီးကလိုအပ်တာတွေများနေတယ် ခံစားချက်ခံစားချက် မျက်လုံးတွေမှာပေါ်အောင်ထည့်လေ"
မင်းသမီးဂျောင်မီက နားလည်ပီးဖြစ်ကြောင်းခေါင်းငြိမ့်ပြသည်။
"Scene 2 take 5!!Action!!!"
ဆောင်ဟွန်းနဲ့တူတူဇာတ်ကားတွဲရိုက်နေတဲ့ မင်းသမီးက တက်သစ်စဖြစ်တာကြောင့် ရိုက်ကွင်းကထင်သလောက် ရှေ့မရောက်နိုင်။
"ကဒ်!!!တော်ပီ ရိုက်ကွင်းခနနားမယ်။လက်ထောက်ဂျောင် မင်း မင်းသမီးကိုသင်ပေးလိုက်အုန်း။ဒီလိုပုံစံနဲ့ဘယ်လိုမှမဖြစ်ဘူး။စိတ်ရှုပ်လိုက်တာ"
ရိုက်ကွင်းခနနားတော့ ဆောင်ဟွန်းကနားနေခန်းထဲသွားပီး ဂျေးကိုစာပို့သည်။စာပို့ပီး မကြာပါ ဂျေးဆီကဖုန်းဝင်လာသည်။
"ဟယ်လို"
"ဘေဘီ ဘာပြောစရာရှိလို့လဲ"
ပြတင်းပေါက်ကမြင်နေရတဲ့ အပြင်ဘက်သစ်ပင်ရဲ့နောက်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို ဆောင်ဟွန်းမျက်လုံးထောင့်နေကနေ လှမ်းမြင်လိုက်ရသည်။
"ဒီရက်ပိုင်း ကျွန်တော့်နောက်ကိုပါပါရာဇီတစ်ချို့လိုက်နေတယ်။ဒါတင်မကဘူး ညဘက်ဆို sasaengတစ်ယောက်ကပါလိုက်နှောင့်ယှက်နေလို့ ကျွန်တော်နေရတာနည်းနည်းမလွတ်လပ်ဘူး။ရိုက်ကွင်းကလဲထင်တာထက်ပိုခက်နေတော့ စိတ်ရှုပ်တာနဲ့ ကိုကို့ဆီစာပို့လိုက်တာ"
"ဘေဘီ့မန်နေဂျာက ကောင်းကောင်းအလုပ်မလုပ်ဘူးလား"
"ဘာအားကိုးလို့ရမှာလဲ။ကျွန်တော့်အမေက စောင့်ကြည့်ဖို့သက်သက်ခန့်ထားတာ။ကျွန်တော့်ကိုစောင့်ကြည့်တာကလွဲရင် ဘယ်နေရာမှသုံးမရဘူး"
"ကိုယ်သိပီ။ဘေဘီရိုက်ကွင်းကမပီးသေးဘူးလား"
"မပီးသေးဘူး ဆက်စရာရှိသေးတယ်။တကယ်ဆို ဒီအချိန်ပီးနေရမှာကို"
ဖုန်းပြောနေတုန်း တံခါးခေါက်သံထွက်လာတော့ ဖုန်းကိုချမပစ်သေးပဲ ဘေးနားစားပွဲပေါ်တင်ကာ ဝင်လာဖို့အသံပေးလိုက်သည်။