"ဆောင်ဟွန်း နေမကောင်းဘူးလား။မျက်နှာလဲမကောင်းဘူး"တစ်ညလုံးငိုထားရလို့ စပ်ဖျဉ်းနေတဲ့မျက်လုံးတွေရယ် အုံခဲနေတဲ့ခေါင်းနဲ့အတူ ဆောင်ဟွန်းမျက်နှာတစ်ခုလုံးက သွေးမရှိဟန်ဖြူဖတ်လို့နေသည်။ရုပ်ရှင်ရိုက်ကွင်းမရှိလို့ တော်သေးတယ်ဆိုရပေမယ့် ဆောင်ဟွန်းတက်ရောက်ရမဲ့ ပွဲတစ်ခုရှိနေသေးတာကြောင့် အိပ်ယာထဲဘုန်းဘုန်းကျလဲနေလို့မရသေး။ရေနွေးငွေ့ပေးထားတဲ့ တဘက်ဖြူဖြူကို မျက်နှာပေါ်အုပ်ပီး အလုပ်သွားတဲ့တစ်လျှောက်လုံးအနားယူရင်းလိုက်လာခဲ့ပေမယ့် ဂျေးအကြောင်းတွေးမိတော့ဆောင်ဟွန်းရင်ဘတ်က ဆစ်ခနဲနာလာပြန်သည်။
ဆောင်ဟွန်းငယ်ငယ်ကလိမ္မာချင်ယောင်ဆောင်တဲ့ကလေးလေးဖြစ်ခဲ့ပီး နောက်ကွယ်မှာတိတ်တိတ်ကလေးပေါက်ကရခိုးလုပ်တတ်တဲ့အကျင့်ရှိသည်။အသက်၁၆နှစ်မှာ အရက်ခိုးသောက်ချင်လို့ barတစ်ခုကိုခိုးသွားရာကနေ အရက်သမားအုပ်စုနဲ့ပြဿနာတက်တော့မလိုဖြစ်ခဲ့ပီး ထိုအချိန်မှာbarပိုင်ရှင် ဂျေးနဲ့ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ခဲ့သည်။
အသက်မပြည့်သေးလို့ ဒုက္ခရောက်မယ်ထင်ထားပေမယ့် ဂျေးကဆောင်ဟွန်းကို ကာပေးခဲ့ပီး မထင်ထားလောက်အောင်နောက်ပိုင်းမှာကောင်းကောင်းကြီးရင်းနှီးဖြစ်ခဲ့ကြသည်။အသက်၁၈မှာ ဆောင်ဟွန်းနဲ့ဂျေး တရားဝင်တွဲခဲ့ပီး အခုချိန်ထိ ၄နှစ်လုံးလုံးဂျေးနဲ့မတွေ့ရတဲ့ ရက်ဆိုတာမရှိခဲ့ဖူးသေး။
တစ်လောကလုံးမှာ အားအကိုးရဆုံး အရင်းနှီးဆုံး အတွယ်တာဆုံး အချစ်ဆုံးလူတစ်ယောက်ကို ကြောက်စိတ်တခုတည်းကြောင့်နဲ့ တွန်းထုတ်ခဲ့မိတဲ့ဆောင်ဟွန်းမှ ရင်မနာဘူးဆို ဘယ်သူကရင်နာအုန်းမလဲ။
သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲချလို့ နာနေတဲ့ရင်ဘတ်ကိုလျစ်လျူရှုရင်း အပြုံးတုတစ်ခုဖန်တီးကာ အလုပ်ကောင်းကောင်းလုပ်ဖို့ အာရုံစိုက်လိုက်ရတော့သည်။မျက်ခမ်းစပ်တွေနီရဲနေတာကလွဲရင် ဆောင်ဟွန်းကကောင်းကောင်းအဆင်ပြေပုံပေါ်နေတာမလို့ ဘယ်သူမှ သံသယမဝင်မိကြ။အလုပ်ဆင်းလို့ ကွန်ဒိုကိုပြန်ရောက်တာနဲ့ လုပ်နေကြသန့်ရှင်းရေးတောင်မလုပ်နိုင်ပဲ အရုပ်ကြိုးပြတ်ချုံးချုံးကျငိုကြွေးတဲ့ကိစ္စကိုလဲ ဘယ်သူမှမသိကြ။