ဆောင်ဟွန်းကခုရက်ပိုင်း ဂျေးလက်ဆောင်ပေးထားတဲ့ ပန်းချီ canvasတွေနဲ့ဓာတ်ကျနေပီး ပန်းချီခန်းထဲကတောင်မထွက်ဘူး။
ပန်းချီဆရာဖြစ်ချင်တဲ့ ဆောင်ဟွန်းရဲ့အနုပညာဆန်ဆန်အိပ်မက်ကလေးကို အကောင်အထည်ဖော်ပေးတဲ့တစ်ဦးတည်းသောသူက ဂျေးဖြစ်ခဲ့တယ်။
တစ်နေ့ကြီး အပြင်ကပြန်လာတော့ ပန်းချီcanvasတွေရယ်,ရေဆေး,ဆီဆေး,စုတ်တံ ဘာဆိုဘာမှ လိုလေသေးမရှိအောင် အစုလိုက်အပြုံလိုက်ကြီးဝယ်ချလာတဲ့ဂျေးကြောင့် ဆောင်ဟွန်းမှာ မျက်လုံးပြူးမျက်ဆံပြူး။တတိယထပ်က အခန်းလွတ်တစ်ခုထဲ အကုန်ပစ်ထည့်ပီး ပန်းချီခန်းလုပ်ပစ်လိုက်တာများ တစ်မနက်တောင်မကြာလိုက်။
ဘာလို့အဲ့လောက်အများကြီးဝယ်လာတာလဲမေးတော့ ဂျေးပြန်ဖြေတာတစ်ခွန်းတည်း။ "ဘေဘီ့ရဲ့စိတ်ကူးယဉ်ပန်းချီကမ္ဘာကြီးကို လက်တွေ့ပုံဖော်လို့ရအောင်" တဲ့လေ။
...
"ကျွန်တော်က ပန်းချီဆရာဖြစ်ချင်တာ"
"ဘာလို့ပန်းချီဆရာလဲ"
"ကမ္ဘာလောကကြီး တစ်ခုကို ပန်းချီတစ်ချပ်နဲ့ပုံဖော်လို့ရနိုင်တယ်ထင်လို့။ဒီလိုသာဆို ကျွန်တော်က ပန်းချီကတစ်ဆင့်ကမ္ဘာတွေအများကြီး ဖန်တီးနိုင်မှာမဟုတ်လား။နှလုံးသွေးနဲ့ပန်းချီတွေအများကြီးဆွဲမယ်။ပီးရင်ကျွန်တော့်ပန်းချီတွေကို အနုပညာပြတိုက်တစ်ခုဖွင့်ပီး လူတွေကြည့်လို့ရအောင်ပြထားမယ်။ပန်းချီကမ္ဘာကြီးတစ်ခုဖန်တီးပစ်မယ်။အဲ့တာကျွန်တော့်အိမ်မက်ပဲ"
...
ဆောင်ဟွန်းက ဂျေးကို အဲ့လိုလေးတစ်ခေါက်ပဲပြောခဲ့ဖူးတာ။တစ်ခေါက်လေးပဲပြောခဲ့ဖူးတဲ့ ဘယ်သူမှအဖက်မလုပ်တဲ့သူ့ရဲ့ဆန္ဒလေးကို ဂျေးကတော့ အတိအကျမှတ်မိနေခဲ့တယ်။
ပန်းချီလေးဆွဲလိုက် စားချင်တာလေးစားလိုက် အနားယူလိုက်နဲ့ စိတ်ညစ်စရာရက်တွေကုန်လွန်ပီလို့ ဆောင်ဟွန်းကတွေးတယ်။ဂျေးရဲ့ လုပ်ငန်းပိုင်းပရောဂျက်တွေသာအဆုံးသတ်ပီးရင် ဆောင်ဟွန်းက သူ့ကိုကိုလက်ကိုဆွဲပီး ဒီနိုင်ငံကထွက်သွားမယ်။ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာအခြေချပီး ဂျေးက barဖွင့် သူကတော့ပန်းချီတွေဆွဲရင်း ဘဝတစ်လျှောက်ဖြတ်သန်းသွားဖို့စိတ်ကူးမိတယ်။ဘာပဲဖြစ်ဖြစ် ဂျေးမှာသုံးမကုန်နိုင်တဲ့ ပိုက်ဆံတွေရှိတာပဲ။သူ့ဆန္ဒသာဆို သူ့ကိုကိုကနှစ်ခါမစဉ်းစားပဲ ခေါင်းငြိမ့်မယ်ဆိုတာလဲ ဆောင်ဟွန်းသေချာသိနေတယ်လေ။