"ရုပ်ရှင်သတင်းစာရှင်းလင်းပွဲ"
သတင်းထောက်တွေမြောက်များစွာ ကင်မရာပေါင်းများစွာနဲ့ မီးတဖြတ်ဖြတ်လင်းနေတဲ့ စင်မြင့်ထက် suitအနက်ရောင်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က ကြော့ကြော့မော့မော့တက်ရောက်လာတယ်။သပ်တင်ထားတဲ့ဆံပင်တွေက မျက်နှာလှလှကိုအလုံးစုံပေါ်စေအောင် ပံ့ပိုးထားပေးပီး ကြည်လင်နေတဲ့မျက်နှာက အင်မတန်ကြည့်ကောင်းနေတယ်။
မိုက်ကိုလက်တစ်ဖက်ကကိုင်ထားပီး သတင်းထောက်တွေကို ခါးညွတ်လို့နှုတ်ဆက်လိုက်ပုံက တနူးတညံ့ညင်သာလျက်။
"မင်္ဂလာပါ သရုပ်ဆောင်ပတ်ဆောင်ဟွန်းဖြစ်ပါတယ် အားလုံးကိုအကူအညီတောင်းပါတယ်"
*ပတ်ဆောင်ဟွန်းကချောလိုက်တာ အသားလေးကို နှင်းဥလေးလိုဖြူဖတ်နေတာပဲ*
*ငါ့မင်းသားလေး*
*အား....ပတ်ဆောင်ဟွန်း အရမ်းကြည့်ကောင်းတယ်*
ဆောင်ဟွန်းက တက်သစ်စသရုပ်ဆောင်အသစ်။ပွဲဦးထွက်ထားတာ ၁၁လနီးပါးပဲရှိသေးပေမယ့် fanbaseအကြီးကြီးရှိပီး အာရုံစိုက်မှုအတော်ရထားသည်။သရုပ်ဆောင်လောကရဲ့ သခင်လေးလိုမျိုး နူးညံ့တဲ့မျက်နှာပိုင်ရှင်ဆောင်ဟွန်းဟာ ပွဲဦးစထွက်ကတည်းက တဟုန်ထိုးနာမည်ကြီးလာပီး ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ရတဲ့ကားတွေများလာတယ်။
၁၀လအတွင်းမှာတင် ဆောင်ဟွန်းက short film 2ခုနဲ့ ဇာတ်လမ်းရှည်တစ်ပုဒ်ရိုက်ကူးပီးသွားပီ။နာမည်လဲကြီးသလို အလုပ်လဲလောဘကြီးတဲ့ဆောင်ဟွန်းက အရင်ဇာတ်ကားအဆုံးသတ်တာနဲ့ နားချိန်ကြာကြာမယူပဲ နောက်တစ်ကားအတွက်လက်ခံပြင်ဆင်နေပီ။
ရုပ်ရှင်သတင်းစာရှင်းလင်းပွဲမှာ လာမဲ့ဇာတ်ကားနဲ့ပတ်သတ်ပီး ဆောင်ဟွန်းအပါအဝင် တခြားသရုပ်ဆောင်တွေက ရှင်းပြနိုင်သလောက်ရှင်းပြပေးကြတယ်။အလုပ်ကအတော်လေးပျော်စရာကောင်းသည့်တိုင် သတင်းစာရှင်းလင်းပွဲပီးသွားတော့ ဆောင်ဟွန်းကခြေကုန်လက်ပန်းကျနေပီ။
ည၉နာရီမှာ ဆောင်ဟွန်းအလုပ်တွေပီးသွားတော့ အဆောင်ပြန်ဖို့ကားပေါ်ရောက်တယ်။လူတောထဲအကြာကြီးနေလာရတာမလို့ ကျဉ်းကျပ်နေပုံရတဲ့ဆောင်ဟွန်းက ကားပေါ်ရောက်တာနဲ့ အပေါ်ကုတ်ကိုချွတ် ဆွဲကြိုးတွေ လက်စွပ်တွေအကုန်ပစ်ချွတ်ပီး စိတ်ရှိတိုင်း ကားနောက်မှီကိုမှီချလို့ မျက်လုံးတွေမှိတ်ထားလိုက်တယ်။