ဆောင်ဟွန်းက ညဏ်ထက်တဲ့ကလေးဆိုပေမယ့် တစ်ခါတစ်လေအခြေအနေကိုလိုက်ညှိပီး မတွေးနိုင်ဘူးပဲပြောရမလား။ဂျေးနားမှာ နှစ်နဲ့ချီနေလာပီး ဂျေးရဲ့လူမိုက်စိတ်ဓာတ်ကိုနောကြေအောင်သိနေတာတောင်မှ မျက်စိစုံမှိတ်ပီး တစ်ပုံတစ်ခဲကြီးပစ်ယုံပစ်လိုက်ဖို့ရွေးချယ်သည်။ဆောင်ဟွန်းကိုရင်ခွင်ထဲထည့်ထားပီး ဆံနွယ်နုနုတွေကြား လက်ချောင်းတွေပြေးယှက်လို့ဆော့ကစားနေတဲ့ဂျေးဆီက သစ်တောနံ့ပြင်းရှရှရေမွှေးရနံ့ကပဲ ဆောင်ဟွန်းရဲ့စိတ်အစုံကို အကြပ်ရိုက်သွားစေသလား။
ဒါမှမဟုတ်ရင် ဂျေးလူသတ်နိုင်တယ်ဆိုတဲ့အချက်ကို ဆောင်ဟွန်းကိုယ်တိုင် မေ့လျော့သွားတာပဲဖြစ်လိမ့်မည်။
"ကိုကိုဘယ်တုန်းကကျွန်တော့်ကို သဘောကျသွားတာလဲ"
"ကူကယ်ရာမဲ့နေတဲ့ခွေးပေါက်လေးက အရမ်းကိုအပိုင်သိမ်းပီး အနိုင်ကျင့်ပစ်ချင်စရာပုံပေါက်နေတယ်လေ။အဲ့ကတည်းကပဲ အဲ့ကတည်းကတိုင် မင်းကကိုကို့အပိုင်"
သောက်လက်စ ဝီစကီအရသာထုံပြွန်းနေဆဲ နှုတ်ခမ်းပါးတွေက ဆောင်ဟွန်းရဲ့ပန်းရောင်ရဲရဲနှုတ်ခမ်းပေါ်ဖိကပ်သည်။ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်တဲ့လျှာဖျားကြောင့် ဆောင်ဟွန်းကခေါင်းတွေပါမူးနောက်သွားသယောင်။ဂျေးကမလွှတ်ပါ စိတ်ကြိုက်နမ်းရှိုက်သည် စားသုံးသည်။ဆောင်ဟွန်းက ပတ်ဂျေးအတွက်တော့ သောက်လေလေငတ်မပြေတဲ့စတော်ဘယ်ရီသီးစိတ်ချိုမွှေးမွှေးလေး။
~~~
မနက်၃နာရီထိ အိပ်မပျော်တဲ့ဆောင်ဟွန်းက ကုတင်ပေါ်မှာဟိုလှိမ့်ဒီလှိမ့်။ညနေခင်းပိုင်းက ဂျေးတို့ရဲ့စကားဝိုင်းကိုကြားအပီးမှာ ဆောင်ဟွန်းစိတ်ထဲနေရတာအဆင်မပြေရှိလှသည်။ဂျေးအခန်းဆီသွားဖို့စိတ်ကူးမိပေမယ့် အချိန်မသင့်ကြီးအိပ်နေတဲ့လူကိုအနှောင့်အယှက်မပေးချင်တာကြောင့် ဆောင်ဟွန်းပန်းချီခန်းဆီပဲ ဦးတည်ပီးထွက်လာလိုက်သည်။
ထိုအချိန်တွင် ဂျေးကတော့အဝေးပြေးလမ်းမတစ်နေရာပေါ် မောင်းနှင်နေတဲ့ $28 Millionတန် Rolls-Royce Boat Tailကားတစ်စီးပေါ်မှာ စီးကရက်လေးတရှိုက်ရှိုက်နဲ့။