ကြယ်တွေစုံပြီး အေးချမ်းနေသော ညကောင်းကင်ယံနှင့်လိုက်ဖက်စွာ ချိုသာပြီးနှစ်လိုဖွယ်ကောင်းသော မိခင်တစ်ဦးရဲ့ အိပ်ယာဝင်ပုံပြင်ပြောသံလေး က ပတ်ဝန်းကျင်တွင်ထွက်ပေါ်လာလေသည်။
မိခင်ရဲ့ ချိုသာလေးအသံလေးနှင့် နောက်ထပ် ထွက်ပေါ်လာသော အသံသေးသေးလေးကလည်း လူအများရဲ့ အာရုံကို ကြည်နူးရိပ်များပေးစွမ်းနိုင်လေသည်။
ထိုကလေးငယ်ကလေး က သူ၏ မိခင်အား စိတ်အားထက်သန်စွာ မေးခွန်းများထုတ်နေလေသည်။
မိမိ၏ရင်မှဖြစ်သော ကလေးငယ်၏ မေးခွန်းများကို မိခင်ဖြစ်သူက စိတ်ရှည်စွာဖြေကြားနေပြီး တစ်ခါတစ်ရံတွင် ထိုအဖြေကြားတွင် ရယ် မောလိုစိတ်ကလေးများလည်း ကပ်,ကပ်ပါလာတတ်သေးသည်။
"မေမေ...."
ကလေးငယ်လေးရဲ့ မပြီးဆုံးနိုင်သေးတဲ့ စူးစမ်းလိုမှုလေးတွေကြောင့် မိခင်ဖြစ်သူက သဘောကျစွာ ပြန်အဖြေတွင် ရယ်,သံလေး အနည်းငယ်စွက် နေလေသည်။
"ကဲ....ဒီကလေးလေး မအိပ်နိုင်သေးဘူးလား...."
"ဟိုဟာလေ.....မေမေ ဇာတိက လက်ပံပင်ကြီးမှာ ထူးထူးဆန်းဆန်း တစ်ပွင့်ထဲ အဖြူရောင်ပွင့်နေလို့ ပွင့်ဖြူ လို့ခေါ်တာဆို...."
"ဘယ်ကကြားလာခဲ့တာတုန်း..."
"ဘိုးဘိုး ပြောပြတာ....နောက်ပြီး မျက်လုံးကန်းတဲ့ညီအစ်ကိုနှစ်ယောက်လေ.....ဘယ်သူနဲ့ ဘယ်သူဆိုလား.....သုဒ္ဓဘောင်မင်း နဲ့ ပန်ထွာဘုရင်မ တွေရောပါတယ်လေ......အဲမင်းသားနှစ်ပါး မျက်စိအလင်းပွင့်တဲ့နေရာကို စလင်း လို့ခေါ်တာဆို.....နောက်ပြီးလေ ဟိုဘက်အိမ်က ဖွားဖွား ပြောပြတာတော့ အဲမင်းသား မျက်စိအလင်းရလို့ အပွင့်ဖြူဖြူလေးတွေစတွေ့တဲ့နေရာမို့ ပွင့်ဖြူလို့ခေါ်တာတဲ့.....အဲတာဆို.....ဘယ်ဟာက မှန်လဲဟင်....."
စကားတတ်လွန်းသော ရင်သွေးငယ်လေးရဲ့ နှာတံလုံးလုံးလေးအား လက်ကလေးဖြင့် ဖျစ်ညှစ်လိုက်တော့ ရင်ခွင်ထဲမှ ကလေးငယ်ကလေးရဲ့ နှုတ်ခမ်းထူထူကလေးများမှာ ဘဲနှုတ်ခမ်းလေးသဖွယ် ဖြစ်လာလေသည်။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...