Zawgyi
ထန်းတော မှ သီချင်းလေး တအေးအေးဖြင့် ပြန်လာစဉ် လမ်းတွင် မာမီမားသားနှင့်ထိပ်သားတိုးလေသည်။
"my son သီချင်းလေးတအေးအေးနဲ့ တယ်ဟုတ်နေပါ့လား...ဘာပျော်စရာတွေများရှိလို့တုန်း"
"ဒီလိုပါပဲ....ဒါနဲ့ မာမီ က ဘယ်သွားမလို့လဲ"
"မခင်အေးတို့အိမ်....လိုက်ခဲ့ဦးမလား"
"တော်ပါပြီ မာမီရာ....သား အိမ်ပဲပြန်တော့မယ်"
"အေးအေး....သေသေချာချာဂရုစိုက်ပြန်ဦး"
မိခင်ဖြစ်သူရဲ့ 'ဂရုစိုက်ပြန်ဦး´ ဆိုသည့်စကားကြောင့် ဟိုပုတုတုမလေးပြောသော စကားတို့ကို သတိရမိသွားကာ နှုတ်ခမ်းထောင့်တို့ ကော့ညွတ်သွားလေတော့သည်။
"ဒီကလေး မရိုးတော့ဘူး"
မိခင်ဖြစ်သူရဲ့ စကားကြောင့် ရှက်စိတ်ကလေးများ လျင်မြန်စွာဖြတ်ပြေးသွားသည်မို့ တိုညှပ်နေသောဆံနွယ်များအား လက်တစ်ဖက်ဖြင့် ဖွလိုက်လေသည်။
"မာမီ ကလည်း ဘာတွေပြောနေမှန်းမသိဘူးဗျာ....သား သွားပြီ"
နေအိမ်ရှိရာသို့ ထွက်သွားနေသော သမီးဖြစ်သူရဲ့ နောက်ကျောပြင်ကလေးကိုကြည့်ရင်း ဒေါ်ခင်ခင် တစ်ယောက်ပြုံးနေလေသည်။
ငယ်ရာကကြီးလာသူပေမို့ သူ့သမီးဖြစ်ပျက်နေသည့်အမူအရာကို လုံးဝမှန်းနိုင်လေသည်။
သို့သော် ဒေါ်ခင်ခင် မမှန်းနိုင်သည်က သူ့သမီး သဘောတကျရှိသွားတာက ယောကျာင်္းလေးလား မိန်းကလေးလား ဆိုတာပင်။
ထိုကိစ္စကို ဒွိဟ ဖြစ်နေရင်း သက်ပြင်းချမိလိုက်ကာ လာရာခရီးဖြစ်သော ရွာရှေ့ပိုင်းက ဒေါ်ခင်အေး အိမ်သို့သာ သွားရန် ခြေလှမ်းစလိုက်လေတော့သည်။
...........
နောက်တစ်နေ့
ဒီတစ်ကြိမ်တွင်တော့ လီဆာ တစ်ယောက် နီနီ ရဲ့ အိမ်အတွင်းသို့ ရဲရဲတင်းတင်းဝင်သွားကာ စာသင်ရန် အိမ်အောက်တွင်ချထားသော ခုံများအနက် နောက်ဆုံးခုံတွင်ဝင်ထိုင်လိုက်လေသည်။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...