Zawgyi
လီဆာ တစ်ယောက် ရွာဦးကျောင်းတွင် ဘုရားပွဲအတွက် လိုအပ်သည်များကို ကူလုပ်ပေးနေသည်မို့ သူမ အိမ်ကိုပြန်လာတော့ ညဥ့်နက်နေပြီဖြစ်လေသည်။
သီတင်းကျွတ်ပွဲတော်အတွက် ဆီမီးများပူဇော်ရန် လိုအပ်သည်များကို သွားကူနေခြင်း ဖြစ်သည်ကတစ်ကြောင်း တစ်ယောက်သောသူကို သွားငေးသည်ကတစ်ကြောင်းမို့ အချိန်က ကြာသည်ထက်ကြာသွားခြင်းပင်။
အေးချမ်းသော လရောင်အောက်တွင် သီချင်းလေးတအေးအေးဖြင့် အိမ်ကို ပြန်လာနေတုန်း သူမ တို့အိမ်ရှေ့တွင် လူများ တရုန်းရုန်းဖြစ်နေသည်မို့ အိမ်ထဲသို့ အမြန်ဝင်သွားလိုက်လေသည်။
ထို့နောက် အိမ်အောက်တွင် မိခင်ဖြစ်သူကို တွေ့လိုက်သည်မို့ အကျိုးအကြောင်းကို မေးရန် ပြင်လိုက်သော်လည်း မိခင် ရဲ့ နှုတ်မှ ထွက်လာသော စကားလုံးတို့ကြောင့် လီဆာ့ ရဲ့ ရင်ထဲတွင် ဆောင့်တက်သွားလေတော့သည်။
"အဘ ဗျာ....ဒီလောက် စောစောစီးစီးထွက်သွားရသလားဗျ!....သား ကို သဘောမကျဘူးဆိုတာသိပေမယ့် အဘ ဗျာ! တကယ်ရက်စက်တယ်....အဘ မရှိတော့ သား တို့ ဘယ်လိုနေခဲ့ရမှာလဲဗျ! အဘ ပြောတော့ သား ဆယ်တန်းအောင်တာ တွေ့သွားချင်တယ်ဆို! အခု သား အဘ လို့ခေါ်နေပြီလေ! အဘ မမြဲ ကြားချင်တဲ့ အခေါ်အဝေါ်လေးလေ အဘ ရဲ့!!!"
လီဆာ ရင်ထဲက စကားတွေ အပြင်ကို ထွက်လာတော့ အိမ်ထဲက သူတွေက သူမ အား သနားသော အကြည့်များဖြင့် ကြည့်လာကြလေသည်။
ထို့နောက် သူမ ရင်းနှီးသော အသံကလည်း သူမ ရဲ့ နောက်ကျောဘက်မှ ထွက်ပေါ်လာလေတော့သည်။
"ငါ မသေသေးဘူးကွ!!"
ဖခင်ဖြစ်သူ၏ အသံမို့ ကျလာတော့မည်ဖြစ်သော မျက်ရည်စတို့အား အင်္ကျီလက်တို့ဖြင့် သုတ်လိုက်ကာ နောက်ကျောဘက်သို့လှည့်ကြည့်လိုက်တော့ သူမ ရဲ့ ဖခင်မှာ ကျန်းကျန်းမာမာပင် မတ်တပ်ရက်လျက်သား။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...