Zawgyiတိမ်ကင်းစင်ပြီးသာယာလှသော ကောင်းကင်ယံတွင် ကြယ်များစုံလင်စွာဖူးပွင့်နေပြီး ကြည်လင်အေးမြသော လရောင်မှာလည်း လှပသော ပန်းပွင့်နီနီတွေပေါ်သို့ သက်ဆင်းနေလေတော့သည်။
ထိုလှပသော အခိုက်အတန့်တွင် မတူညီသော နေရာနှစ်ခုမှ တူညီစွာမွေးဖွားလာကြသော မိန်းမငယ်လေးနှစ်ဦး ရဲ့ သာယာသောအသံလေးတွေက တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အား ပိုလို့ပင်အသက်ဝင်စေလာလေသည်။
...........
"ဟဲ့.....သမီး....ဘယ်တွေသွားနေလို့ ဒီလောက်မိုးချုပ်မှပြန်လာရတာလဲ...!"
စေတနာဇောဖြင့် ငေါက်နေသော ဖခင်ဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကုတ်လိုက်ကာ မိမိအား အလိုလိုက်သော မိခင်ဖြစ်သူရဲ့ ဘေးသို့သွားထိုင်လိုက်လေတော့သည်။
ထို့နောက် မိခင်ဖြစ်သူ ရဲ့ တံတောင်အား လက်ကလေးဖြင့် တို့လိုက်တော့ မိခင်ဖြစ်သူက မိမိ ဘက်မှ ၀င်ကူပြောပေးလာလေသည်။
"ကလေးပဲ ငယ်တုန်းသွားတာ သွားပါစေပေါ့.....တော့် နှယ် တကယ်တည်း စိတ်ပူတတ်ရန်ကော..."
"ပူဆို သမီး မိန်းကလေး မွေးထားတာလေကွာ.....အသက်လည်းကြည့်ဦး မနက်ဖြန်ဆို ဘိုးဘွားရိပ်သာပဲ ပို့ရနေပြီ...."
ဖခင်ဖြစ်သူရဲ့ စကားကြောင့် သူမ နှုတ်ခမ်းတွေ တစ်တောင်လောက်ထော်သွားပြီး ပြန်ပြောရန်ပြင်လိုက်သော်လည်း ဖခင် ရဲ့ နှုတ်ဖျားမှ ထွက်လာသော အမည်နာမ တစ်ခုကြောင့် သူမ ရဲ့ စကားလုံးတို့ ရပ်တန့်သွားလေတော့သည်။
"ဟိုဘက် အပိုင်းက နီနီ ဆို ကြည့်...ဘယ်လောက်တောင် မြန်မာဆန်လိုက်သလဲ....မနက်ဆို ဘုန်းကြီးကျောင်းသွား ဆွမ်းပို့....အပြန် မိဘကူ.....ဟော...နောက်ပြီး အားတဲ့အချိန်ဆို ကလေးတွေကို စာပြပါပကောလား.....အိမ်က မိန်းမပျိုကတော့ ဆံနွယ်တွေကိုတော့ မိန်းကလေးဆန်အောင်ထားပါလျက် အမြဲ ပွလျောင်းလျောင်းနဲ့ အမြင်မတင့်တယ်ချက်.....တစ်ရက်ထဲမွေးတယ်လို့သာဆို.....ဘယ့်နှယ်ကွယ်....မိုးနဲ့မြေ.....နံ့သာဆီနဲ့အီး ပဲ...."
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...