Zawgyi
"ညီမ နာမည်လေးပြောပြပေးပါလား....."
ခပ်တိုတိုဆံပင်တွေကို ဟန်ပါပါ လှန်လှန်တင်နေရင်း လျှောက်လှမ်းလာသော လီဆာ တစ်ယောက် ကြားလိုက်ရသော စကားတစ်ချို့ကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားလေတော့သည်။
ထိုအသံလာရာကို ကြည့်လိုက်တော့ သူမ ရင်းနှီးသော ပုံရိပ်ကလေးနှင့် ဟိုဘက်ရွာက ကောင် တစ်ချို့....
တစ်ရွာတည်းသားချင်းမို့ ဒီအတိုင်းပစ်မထားချင်၍ သူမ ထိုအုပ်စုနားသွားလိုက်လေသည်။
"ဟဲ့ ဘာဖြစ်တာလဲ....!"
သူမ ရဲ့ အသံကို ကြားလိုက်၍ထင့် ရှက်အားကြီးစွာခေါင်းငုံ့ထားသော ကောင်မလေးမှ သူမ အား ပါးကိုးတကြီးကြည့်လာလေသည်။
"ငါ့ ညီ....ကိုယ့် လမ်း ကိုယ် သွားစမ်းပါ...ဒီနေရာမှာ hero လုပ်လို့မကောင်းဘူးကွ...."
ငါ့ညီ ဆိုသော စကားကြောင့် အနည်းငယ် ကြောင်,အ သွားသော်လည်း....ယခု ဖြစ်ပျက်နေသော သူ့ပုံစံအရ အင်း.....သူတို့ မှားချင်လည်း မှားချင်စရာပေါ့....
မိန်းကလေးတန်မဲ့ ရှည်လျားနေတဲ့ အရပ်က ဖခင်ဖြစ်သူထံမှ အမွေရထားပြီး ဘိုဆန်ဆန် ခပ်တိုတိုညှပ်လာသော သူမ ရဲ့ ဆံပင်ကေ ၊ ဒယ်ဒီဖားသားရဲ့ တီရှပ်လက်တို အဖြူနဲ့ အနက်စင်းလေး ၊ ဂျင်းဘောင်းဘီ တို နဲ့ ဆိုတော့ သူမ ကို မိန်းမချောချောသည့် လူငယ်လေးဟု ထင်သွားသည့်ပုံ....
"ငါ့ ရွာ က မိန်းကလေးတစ်ယောက်ကိုထိပြီး ကိုယ့် လမ်းကို သွားခိုင်းနေတယ်ဆိုတော့ ခင်ဗျား တို့က ဘာဖြစ်ချင်တာတုန်း...."
"အေးအေးဆေးဆေး ပြောလို့မှ မရရင်ကွာ...."
သူမ အား စိတ်မရှည်သလိုကြည့်ကာ ပြောလာသော အသားခပ်ညိုညို အရပ်ခပ်ပုပု နဲ့ တစ်ယောက်က သူမ အား စတင်တိုက်ခိုက်လေတော့သည်။
ညာဘက်ပါးထက်သို့ ရောက်ရှိလာသော လက်သီးချက်တို့အား တစ်ဖက်သို့စောင်းကာရှောင်တိမ်းလိုက်ပြီး နောက်ထက်ကျရောက်လာမည့် လက်သီးချက်အား ညာလက်ဖြင့် ဖမ်းဆုပ်လိုက်ပြီးနောက် ထိုလက်အား လှန်ချိုးလိုက်လေသည်။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...