Zawgyi
"သားတို့ မြန်မာစာလေးပြီးရင် ဆရာမ ဆီ အင်္ဂလိပ်စာမီးနင်းတွေလာပြိုင်ကြနော်"
ရွာတောင်ပိုင်းသို့ ဒယ်ဒီဖားသား ရဲ့ စကားကြောင့်သာ ထွက်ခဲ့ရသည်။
တကယ်စာသင်ဖို့ စိတ်ကူးမရှိပေမယ့် ခြေလှမ်းတို့က ထိုကလေးမ အိမ်ရှေ့မှာ တုံ့ခနဲ ရပ်သွားကာ အိမ်ရှေ့ တံခါးအကွယ်ကနေ အိမ်ထဲကို မသိမသာ ချောင်းကြည့်လိုက်တော့ အိမ်အောက်တွင် ကလေးများအား အပြုံးပန်းဝေစာစွာကြည့်နေသော နီနီဝတ်မှုန်ကြိုင် ကို တွေ့လိုက်ရလေသည်။ချီတုံချတုံဖြင့် အိမ်ထဲသို့ဝင်ရန် စဉ်းစားနေရင်း နောက်ဆုံးတွင် အဖြေပေါ်လာသဖြင့် ထန်းတောသို့သာ သွားရန် ခြေလှမ်းစလိုက်တော့ နောက်ကျော်ဆီမှ ထွက်ပေါ်လာသော အသံငယ်တစ်ခု။
"လီလီ လာလေ...."
ထိုအသံငယ်ကြောင့် ခြေလှမ်းတို့ ခေတ္တခဏ ရပ်သွားသော်လည်း စာသင်ရမည့်အရေးကို တွေးကြောက်သည်မို့ ထန်းတော သို့သာ ထွက်ရန် စိတ်ပိုင်းဖြတ်လိုက်ကာ ထိုအသံငယ်လေးကို လျစ်လျူရှုလိုက်လေသည်။
"လီလီ..."
ဒီတစ်ခါတော့ ထိုအသံငယ်ပိုင်ရှင်ကလေးက သူမ ရဲ့ နာမည်ကို ခေါ်လာရုံသာမက သူမ ရဲ့ အင်္ကျီစလေးကိုပါ လှမ်းဆွဲလာသည်မို့ ထန့းတောသို့သွားမည့်ခြေလှမ်းများက တုံ့ခနဲ ရပ်တန့်သွားလေတော့သည်။
"ဟို....အိမ်ကို လာတာမဟုတ်ဘူးလားဟင်?!"
မ၀ံ့မရဲဖြင့် ပြောလာသော စကားသံလေးကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိတော့ သနပ်ခါးပါးပါးလေးလိမ်းထားသော သူမလေး က တစ်မျိုးချစ်စရာကောင်းနေလေရဲ့။
နောက်ပြီး သူမအားပြောလာသည့် စကားသံလေးကလည်း ညင်ညင်သာသာငြိမ့်ငြိမ့်ညောင်းညောင်းလေးပေမို့ ကြားရသည့် သူမ အဖို့တော့ စိတ်ထဲရှိ တစ်စုံတစ်ရာအေးချမ်းသွားသယောင်။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...