Zawgyi
"ဟယ် my son ကေ အသစ်နဲ့ ဖေဖေ အချစ်ဖြစ်နေပါရောလား.....!!"
မာမီမားသားရဲ့ ချီးကျူးထောပနာလေးက သူ့မ ရဲ့ စိတ်အားမြောက်ကြွသွားစေသော်လည်း ဖေဖေ အချစ်မဟုတ်ဘဲ ဖေဖေ ရဲ့ ကြိမ်စာ မိမည်ကို သိလိုက်သောကြောင့် ခြံထဲသို့ ၀င်လာပြီဖြစ်သော ခြေလှမ်းတွေက နေရာတွင် တန့် သွားလေသည်။
အိမ်ရှေ့ ကွက်ပျစ်တွင် အမိန့်သားထိုင်ကာ ရေနွေးကြမ်းသောက်နေသော ဖခင်ဖြစ်သူကို ခိုးကြည့်သော်လည်း ဘာအမူအရာမှ ဖမ်းမရချေ။
"ကဲ ဒေါ်လီဆာပျိုပျိုခင် ဒီနား ခဏ ကြွခဲ့ပါဦး...!"
ဟိန်းထွက်လာသည့် ဒယ်ဒီဖားသား အသံ ကြောင့် ကိုယ်လေးအနည်းငယ်ကျုံ့သွားသော်လည်း ဒယ်ဒီဖားသား ဘေးတွင် မွေးသမိခင်ကျေးဇူးရှင်ကြီးရှိနေသည်မို့ နွမ်းနေသည့်စိတ်ကလေးမှာ မြောက်ကြွမြောက်ကြွဖြစ်သွားလေတော့သည်။
ကွက်ပျစ်တွက် ၀င်ထိုင်လိုက်ကာ ငဲ့ပြီးသား ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်တော့ ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကြီးက ဟိန်းထွက်လာလေသည်။
"ဒီနှစ်အခြေအနေ....?"
သုံးနှစ်ကျ အခြေအနေမို့ ဒီနှစ်လည်း မထူး ဟု ပြောချင်သော်လည်း ဆံပင်ညှပ်ထားသည့်အပြစ်လည်း ရှိတာမို့ ဘာမှမပြောဘဲငြိမ်သာနေလိုက်တော့သည်။
"သမီး နီ က မနက်ဖြန် ရွာကျောင်းမှာ စာသင်ပေးပြီး ပြန်ရင် သမီး ကို သူ့အိမ်မှာ စာပြပေးမယ်တဲ့ အဲတာ သွားတက်!!"
"ဟာဗျာ...!!"
ခပ်တိုတိုဆံပင်တွေကို လက်ချောင်းတွေဖြင့် ဖွကာ စိတ်အလိုမကျကြောင်း ထုတ်ပြမိသော်လည်း ဒီကိစ္စတွင် မာမီမားသားကပါ အလျိုအလိုပါမို့ လက်သင့်သာခံလိုက်ရလေတော့သည်။
အင်း.....အမှန်သာဆို သူမ လည်း ဟိုကောင်မလေးနဲ့ တစ်နှစ်တည်းဖြစ်သော်လည်း သူမ ကိုးတန်းနှစ်မှာ မန်ကျည်းပင်ပေါ်ကပြုတ်ကျ၍ တစ်နှစ်အောက်ခဲ့ရလေသည်။
YOU ARE READING
တမာသို့တမ်းခြင်း(တမာသို့တမ်းခြင်း)
Fanfictionတမာရိပ်တွေနဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇ၀င်လေးတစ်ခုကိုရော??? တမာရိပျတှနေဲ့ အေးချမ်းနေတဲ့ နေရာလေးကို သိလား..... နောက်ပြီး အဲနေရာလေးရဲ့ ရင်နင့်ဖွယ် ရာဇဝင်လေးတစ်ခုကိုရော...