Unicode,
တောင်ကိုရီးယား ဆိုးလ်မြို့။
ညသန်းခေါင်းချိန် မီးရောင်စုံထိန်လင်းနေသော ကလပ်တစ်ခုအတွင်း လူငယ် မိန်းကလေးများနှင့် ယောက်ျားလေးများ တစ်ခုခုကို မျှော်လင့်နေဟန် စောင့်ဆိုင်းနေကြသည်။ ထိုအရာက...
"Chim ဖျော်ဖြေမှာ ဒီနေ့ ဟုတ်ပါတယ်နော် ရင်ခုန်လွန်းလို့ ငါ့လက်တွေ အေးစက်နေပြီ"
"အားလုံးပဲ မင်္ဂလာညချမ်းလေးပါ"
စတိတ်စင်ပေါ်က ကောင်လေး၏ နှုတ်ဆက်စကားသံလေးကြောင့် ခုနက စောင့်ဆိုင်းနေကြသော ကျားမမရွေး အကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်လေသည်။ ထိုကောင်လေးသည် မိုက်အား စတန်းမှ ဖြုတ်ယူကာ တစ်ပတ်လှည့်လိုက်သည့်နှင့် ပရိသတ်၏ အားပေးသံကလည်း တစ်ခဲနက်။ ထိုကောင်လေးကတော့ အာခေါင်ခြစ်အော်သံများကို မမူသလို သူ၏ မျက်ဝန်းလှလှလေးတွေအား မှိတ်သွားမတတ် ပြုံးပြရင်း
"အားလုံးပျော်ဖို့ ready ပဲမလား"
"Ready"
ပရိသတ်ဆီမှ တုန့်ပြန်သံကြားသည်နှင့် တစ်ပြိုင်နက် ခပ်မြူးမြူး တီးလုံးကို အစပျိုး၍ ဆွဲဆောင်မှုရှိသော ကကွက်တစ်ခုအား ကပြဖျော်ဖြေရင်း သီချင်းဆိုလေတော့သည်။ ခုန်ကနေရင်းတောင် မထိခိုက်သွားတဲ့ အသံက အလွန် နှစ်ခြိုက်စရာ ကောင်းလှ၏။ အက၊ အဆိုတင်မက ပိုင်ဆိုင်ထားသည့် မျက်နှာလှလှလေးကြောင့် Chim ဆိုတာ TV/media တွေမှာ တရားဝင် debut ထားခြင်း မရှိတာတောင်၊ underground မှာပဲ အပျော်တမ်းဖျော်ဖြေနေတာတောင် ဒိတ်ဒိတ်ကြဲ ကောင်လေး။
"Chim သာ debut ရင် တန်းအောင်မြင်မှာကို ဘာလို့ ug မှာပဲ ကျင်လည်နေမှာလဲ"
ဝီစကီ တစ်ခွက် ကမ်းရင်း ပြောလာတဲ့ ကလပ်တာဝန်ခံ မန်နေဂျာအမျိုးသမီး၏ စကားကြောင့် Chim က သူ့မျက်လုံးလေးများ မှိတ်မတတ် ပြုံးပြရင်း ကမ်းလှမ်းလာသည့် ဝီစကီကို ယူကာ ခေါင်းရမ်းပြလိုက်လေသည်။
"နေပါစေ ကျွန်တော်က လူအများအာရုံစိုက်ခံရတာကို မကြိုက်ဘူး၊ လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်တယ်၊ အရက် သောက်ချင် သောက်မယ်၊ သီချင်းဆိုချင် သီချင်းဆိုမယ်၊ ဆေးလိပ်သောက်ချင် သောက်မယ်၊ တက်တူးထိုးချင် ထိုးမယ်၊ စိတ်အလိုအတိုင်းပဲလေ လိုက်စောင့်ကြည့်ပြီး ဝေဖန်နေမဲ့ ရပ်ဝန်းမျိုးကို မုန်းတယ်"
ВЫ ЧИТАЕТЕ
𝓝𝓮𝓹𝓱𝓲𝓵𝓲𝓶
Фанфик(Unicode + Zawgyi) Unicode, ဒီလောကကြီးမှာ ဘယ်သူ့ ဖြစ်တည်မှုကမှ အမှား မဟုတ်ဘူး တစ်စုံတစ်ယောက်အတွက် ကံကောင်းခြင်းလေးလည်း ဖြစ်နိုင်တာပဲ...။ Zawgyi, ဒီလောကကြီးမှာ ဘယ်သူ့ ဖြစ်တည်မှုကမှ အမှား မဟုတ်ဘူး တစ်စုံတစ်ယောက်အတွက် ကံကောင်းခြင်းလေးလည်း ဖြစ်နိုင်တာပဲ...