Ep-6

1.4K 267 75
                                    

Unicode,

"ဘယ်လိုလုပ်ကြမလဲ အန်ကယ်၊ Nep က သူ့ကို မချစ်ဖို့ ပြောလိုက်ပြီ"

စိုးရိမ်ပူပန်စွာ အလန့်တကြားပြောလာတဲ့ Jin ​၏ စကားကြောင့် ထူးဆန်းသော အပြုံး တစ်ချက် ဖြစ်ထွန်းသွားသည့်သူက အားလုံး ထင်ထားခဲ့သလို အန်ကယ် Gabriel မဟုတ်ပါ။

"Nep က သိပ်ရိုးတဲ့ ကောင်လေး ပဲ"

"ဗျာ"

Jin နားမလည်ဟန် ပြန်မေးလိုက်သည်ကို အန်ကယ် Michael က မထူးဆန်းသလို အဝေးကိုသာ ငေးကြည့်ရင်း

"လူသားတွေက တားမြစ်ထားတဲ့ အရာတွေကို ပိုစိတ်ဝင်စားကြတယ်၊ မလုပ်ရဆိုတဲ့ စိတ်ထက် လုပ်လိုက်ရင် ဘာဖြစ်မှာမလို့လဲ ဆိုတဲ့ စူးစမ်းချင်စိတ်က သူတို့ကို ပိုလွှမ်းမိုးနိုင်တယ်"

ကောင်းကင်တမန် ပေါက်စအနေနဲ့ Jin အတွက် သိပ်တော့ မရေရာပါ။ မလုပ်နဲ့ဆိုရင် တကယ် မလုပ်တဲ့ သူတွေလည်း ရှိကောင်း ရှိနိုင်တာပဲလေ။ Jimin ကရော ဘယ်လိုမျိုး လူသားမျိုးထဲ ပါလောက်မလဲ။

"ပထမဆုံး လူသား အာဒံနဲ့ ဧဝ တောင် စည်းကမ်းလိုက်နာခဲ့ကြတာ မဟုတ်ဘူး၊ ဖန်ဆင်းရှင်က သူတို့ကို ဥယျာဉ်ကြီး တစ်ခုလုံးပေးထားခဲ့ပြီး ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးတွေကို စားနိုင်တယ် ဒါပေမဲ့ အပင်တစ်ပင်ကအသီးကိုတော့ မစားရဘူး၊ စားရင်သေရမယ်ဆိုပြီး ပြောခဲ့တာတောင် တားမြစ်ထားတဲ့ အသီးကို ရအောင် စားခဲ့ကြတယ်လေ"

"ဒါပေမဲ့.. Nep က လူမဟုတ်မှန်း သိသွားတဲ့ Jimin အတွက် ဒီလိုပြောတာ အလုပ်ဖြစ်ပါ့မလား"

Jin သည် မဝံ့မရဲ ထက် အတွန့်တက်လိုက်မိသည့်အခါ အန်ကယ် Michael က နောက်တစ်ကြိမ် ထပ်မံ ပြုံးသွား​၏။

"မပူပါနဲ့၊ သူလည်း လူသားပဲလေ ဒီစည်းကမ်းကို မချိုးဖောက်ရဲရင်တောင် အနည်းဆုံး သူ့ရဲ့အတွေးထဲတော့ လွှမ်းမိုးနေခံရမှာပါ"

ဘာတွေဆက်ဖြစ်မလဲ မသိတော့ပေမဲ့ အန်ကယ် Michael ကို ယုံကြည်တာမို့ Jin သက်ပြင်းတိုးတိုးလေး တစ်ချက်သာ ချလိုက်သည်။ တိတ်ဆိတ်နေတဲ့ အမှောင်ယံညနဲ့ မလိုက်ဖက်အောင် အတွေးကိုယ်စီကတော့ ဆူညံ့ ပွက်လောရိုက်လို့..။

𝓝𝓮𝓹𝓱𝓲𝓵𝓲𝓶Where stories live. Discover now