Unicode,
တိတ်ဆိတ်နေသော စာကြည့်တိုက်ထဲရှိ စာအုပ်စင်ကြီးတွေ အကြား လှေကားထစ် မ ယူနေသည့် Jimin ၏ အားထုတ်သံပြင်းပြင်းက လွှမ်းမိုးနေသည်။
"အားရိုးရိုး ခါးနာလိုက်တာ ည ည ထိုင်ခုံပေါ် ကျုံ့အိပ်ရလို့ထင်တယ်"
လှေကားလေး ခဏ စာအုပ်စင် တစ်ခုဘေးမှာ ထိုင်ပြီး Jimin ကိုယ်ခါးကိုယ် ထုနေလိုက်သည်။
"ဆိုဖာခုံက အိပေမဲ့ ကျဉ်းတော့ ညတိုင်းကျ သိပ်အဆင်မပြေဘူးပဲ ဒီည ကြမ်းပြင်မှာပဲ တစ်ခုခု ခင်းအိပ်ရမယ်"
အိမ်ကြီး အကြောင်းတွေးမိတာနှင့် တစ်ပြိုင်နက် အိမ်က လူထူးဆန်း နှစ်ယောက်နဲ့ အမည်မသိ အိမ်ပိုင်ရှင် အကြောင်းပါ ခေါင်းထဲ ရောက်လာ၏။ လူထူးဆန်းနှစ်ယောက်နဲ့ အတူ ပိုင်ရှင်မဲ့ အိမ်ကြီးမှာ အတူနေနေကြတာ လေး၊ ငါးရက်ခန့် ရှိကြပြီ။ အတူနေနေတယ်လို့ ခေါင်းစဉ်တပ်ထားပေမဲ့ Jimin အလုပ်က ပြန်ရောက်ချိန်တွေမှာ များသောအားဖြင့် Jin ပဲ ရှိနေတတ်ပြီး Taehyung ကိုတော့ အိမ်မှာ တစ်ခါတလေမှ မြင်တွေ့ရသည်။ မြင်တွေ့ရသည့် တစ်ခါတလေမှာလည်း Jin နှင့် စကားနိုင်လုနေသည်က များ၏။
"သေချာ စဉ်းစားကြည့်ရင် Jin Hyung က အိမ်ပိုင်ရှင်ကို သိရဲ့သားနဲ့ တမင် ခိုးဝင်နေနေတာ နည်းနည်းတော့ တစ်မျိုးပဲ၊ ပြီးတော့ ချမ်းသာတဲ့ ပုံစံပေါက်တာကို ဘာလို့ ဒီအိမ်ထဲ ခိုးနေနေတာလဲ အိမ်ပိုင်ရှင်ရဲ့ အမျိုးတွေ ဘာတွေလားမသိဘူး၊ Taehyung ssi ကလည်း ဘာလဲမသိဘူး နည်းနည်း အာဏာရှိတဲ့ပုံပဲ သူလည်း အိမ်ပိုင်ရှင်နဲ့ တစ်ခုခုတော်စပ်မဲ့ပုံပဲရယ်"
ငြိမ်သက်စွာ လျှောက်တွေးနေပေမဲ့ ဘာမှ သေသေချာချာ စဉ်းစားမရတော့သည်မို့ ညင်သာစွာပဲ ခေါင်းခါရမ်းရင်း
"မသိတော့ဘူး အဓိကက ငါ နေစရာ ရဖို့ပဲ၊ အဲ့အတွက် သူတို့နှစ်ယောက်ကို တစ်ခုခုတော့ လာဘ်ထိုးရမယ် သူတို့နှစ်ယောက်က အိမ်ပိုင်ရှင်ရဲ့ ဆွေမျိုး ဖြစ်နိုင်တယ်"
ညနေခင်း ရုံးဆင်းချိန်လေးတွင် တစ်ပတ် သုံးရက် သွားရသည့် ကလပ်ဖျော်ဖြေရေးကနေ ပြန်ရတာနဲ့ အမေရှိရာ ဆေးရုံဆီ ဝင်ရတာရောကြောင့် ဘာမှ ထွေထွေထူးထူး မဝယ်ဖြစ်ခဲ့ပါ။ အိမ်နားရောက်ခါနီးမှ တစ်လမ်းကျော်က အသီးဆိုင်လေးကနေပဲ ဈေးသက်သာသည့် လိမ္မော်သီးအမျိုးအစား ရွေးဝယ်ကာ အိမ်ကြီးဆီ ပြန်လာခဲ့သည်။

YOU ARE READING
𝓝𝓮𝓹𝓱𝓲𝓵𝓲𝓶
Fanfiction(Unicode + Zawgyi) Unicode, ဒီလောကကြီးမှာ ဘယ်သူ့ ဖြစ်တည်မှုကမှ အမှား မဟုတ်ဘူး တစ်စုံတစ်ယောက်အတွက် ကံကောင်းခြင်းလေးလည်း ဖြစ်နိုင်တာပဲ...။ Zawgyi, ဒီလောကကြီးမှာ ဘယ်သူ့ ဖြစ်တည်မှုကမှ အမှား မဟုတ်ဘူး တစ်စုံတစ်ယောက်အတွက် ကံကောင်းခြင်းလေးလည်း ဖြစ်နိုင်တာပဲ...