For unicode
ထယ်ယောင်းနဲ့ ဆော့ဂျင်အား နမ်ဂျွန်းရယ်ယွန်းဂီရယ်နဲ့အတူ ထားခဲ့ကာ ဟိုဆော့တို့သုံးယောက် ကျောင်းအုပ်ရုံးခန်းရှာပုံတော်ဖွင့်ရသည်။
သရဲခြောက်ရပြီးနှင့်ပြီဖြစ်သော သုံးယောက်အား စိတ်မချသဖြင့် ယွန်းဂီကိုပါ သူတို့နဲ့အတူနေစေတာကြောင့် အငယ်နှစ်ယောက်နဲ့အတူ သွားရမည့်တာဝန်ဟာ ဟိုဆော့ခေါင်းပေါ်သို့အလိုအလျာက်ကျရောက်လာခဲ့သည်။ဂျီမင်နဲ့ ဂျောင်ကုဦးဆောင်သည့်နောက်သို့ ဟိုဆော့ တရွေ့ရွေ့လိုက်ရ၏။တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ မဝံ့မရဲလျှောက်နေကြသည်မှာ သူတို့အလွန်တော့မဟုတ်။လတ်ဆတ်သေးသည့် မျက်ဉာဏ်များအား ဝင်္ကပါဆန်သည့် ကျောင်းဆောင်ကြီးက ဝေဝါးအောင် နှောင့်ယှက်နေသည်။
ကျန်ခဲ့သည့် လူလေးယောက်အား စိတ်မချပေမဲ့ အခုအခြေအနေက ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်လိုလုံခြုံအောင်ထားရမယ်မသိသေး။
အစ်ကိုယွန်းဂီပေးလိုက်သည့် အဆောင်ဆိုသည့်အရာအား အလယ်ခေါင်မှ ဂျီမင်က တင်းနေအောင်ဆုပ်ကိုင်ထားခဲ့သည်။မသိစိတ်မှ ထောက်ခံအားပေးမှုက သူတို့ကို ရှေ့ဆက်သွားဖို့ တွန်းအားပေးနေသည့်အလားပင်။ယခင်ကသွားခဲ့သည့် စတိုခန်းနဲ့ ဆန့်ကျင်ဘက်လမ်းကိုဦးတည်သွားရင်း အကွာအဝေးအတော်များလာသောအခါ ခြောက်ခြားစိတ်တွေ လျော့ကျလာသည်။
"ဒါနဲ့ ဒီဘက်က အတော်မှောင်တာပဲနော်..."
"ဟုတ်တယ် အစ်ကိုဆော့ဂျင်ကို လာခေါ်တုန်းကလည်း ကျွန်တော်တို့ ခလုတ်တိုက်မတက်ပဲ...ဒါပေမဲ့ အခုလောက်တော့ အနေအထားက မငြိမ်ဘူး"
ဂျီမင်းက ဟိုဆော့အနားကပ်ကာ လေသံလေးနှင့်ပြောသည်။
"နေပါဦး ဆော့ဂျင်က ဒီလိုနေရာမှာတစ်ယောက်တည်းရှိနေတာလား...ငါတို့ကိုတွေ့ခဲ့ရက်နဲ့တောင်လေ"
ဟိုဆော့ရဲ့အမေးကြောင့် ဂျီမင်းနဲ့ဂျောင်ကုပါ အတွေးကိုယ်စီနဲ့ ငေးငေးငိုင်ငိုင်ဖြစ်သွားကြသည်။
အစ်ကိုဆော့ဂျင်ကို ဒီနားပတ်ဝန်းကျင်မှာတွေ့ခဲ့တယ်ဆိုတာ သေချာတာပဲ။ နောက်ပြီးဒီလောက်မှောင်နေတဲ့နေရာမှာ သူဟာ ဖုန်းမီးတောင်မရှိပါဘဲ ငိုယိုရင်းရှိနေခဲ့တာလေ။
YOU ARE READING
𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)
Horrorရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709 , HlaingMeMeAung Fic type - Horror , Romance Started date - 13.10.2022 Ended date -