Part...5

153 17 10
                                    

For Unicode

"စောစောက ပိတ်ထားတဲ့စတိုခန်းကို မဝင်ကြနဲ့နော် "

အနားယူဖို့အတွက် ခုံတွေရွှေ့နေရာမှ ခပ်တိုးတိုးထွက်လာသော ဂျင့်စကားကြောင့် အားလုံးက လုပ်လက်စအလုပ်တွေကို ရပ်လိုက်ကြသည်။

"ဘာဖြစ်လို့လဲ ညီတစ်ခုခုမြင်ခဲ့လို့လား"

နမ်ဂျွန်းက ဖုန်တွေခါနေရာမှ ဆော့ဂျင်နားဆီလျှောက်လာ၏။

"ဟုတ် "

ဆော့ဂျင်ကခေါင်းညိတ်ပြကာ...

"အဲ့ထဲမှာ မကောင်းဆိုးဝါးတွေအများကြီးရှိတယ် သူတို့ကလူတွေကိုတောင် အန္တာရယ်ပြုနိုင်တယ် "

နမ်ဂျွန်းသည် သူ့ရှေ့က ဖြူအုအုကောင်လေးကို သေချာကြည့်နေမိသည်။
မျက်တောင်ခပ်စိပ်စိပ်တွေကို ပုတ်ခတ်ပုတ်ခတ်နှင့် မျက်ရည်ကျမလာအောင် ထိန်းနေရပုံပင်။

နှုတ်ခမ်းလုံးလုံးတွေဆီအကြည့်ရောက်မိတော့ စိတ်တွေကထွေးပြားသွားသည်။
ဒီကောင်လေးကို နမ်ဂျွန်းတစ်နေရာရာမှာ မြင်ဖူးခဲ့တာလား။
ဒီနှုတ်ခမ်းတွေကိုလေ။

"မငိုနဲ့​​တော့ အစ်ကိုတို့ရှိတယ်" 

နမ်ဂျွန်းက ဆော့ဂျင်ပါးက မျက်ရည်စတွေက်ို ခပ်ဖွဖွသုတ်ပေးလိုက်သည်။
မျက်နှာနုနုက ဒဏ်ရာဗရပွနဲ့မို့ စိတ်မကောင်းဖြစ်မိပြန်၏ဂ
သူ့ကိုငေးစိုက်ကြည့်နေသော ဒီကောင်လေးရဲ့မျက်ဝန်းတွေက ရင်ခုန်စရာကောင်းလိုက်တာ။
အခုမှမြင်ဖူးတဲ့သူက ဘာလို့နမ်ဂျွန်းကို နက်နက်နဲနဲစိုက်ကြည့်နေတာလဲ။ 

ဘာလိုခံစားချက်လည်း ဘယ်လိုအခြေအနေမျိုးလဲမသိပေမယ့် ဒီကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်ရတာကို သဘောကျနေမိသည်။

ဘေးက၅ယောက်မှာ ပွဲကြည့်ပရိတ်သတ်ပမာ။

နမ်ဂျွန်းသည် အခုမှမြင်ဖူးသူကို နွေးနွေးထွေးထွေးဆက်ဆံတာမြင်ရတော့ ဟိုဆော့နှင့် ယွန်းဂီ အံံ့သြနေမိသည်။
ထယ်ယောင်းလည်းပြုံးစိစိနှင့် အနောက်က ဂျီမင်တို့ဆီလှည့်ကြည့်တော့ သူ့က်ိုစိုက်ကြည့်နေသော ဂျောင်ကုနှင့်အကြည့်ချင်းဆုံသွား၏။ 
ဂျီမင်ကတော့ ထယ်ယောင်းနည်းတူ ပြုံးစိစိနှင့်သာ ရပ်ကြည့်နေသည်။

𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)Dove le storie prendono vita. Scoprilo ora