Part..6

158 17 7
                                    

For Unicode

"ထယ်ယောင်း အဆင်ပြေလား မကြာက်နဲ့တော့နော် ငါရှိတယ်"

ထယ်ယောင်းကိုပွေ့ကာ တစ်တွတ်တွတ်ပြောနေသော ဂျောင်ကုကိုကြည့်ပြီး ဟိုဆော့က ပါးစပ်အဟာင်းသားဖြစ်နေသည်။

တော်တော်ရုပ်ပြောင်းရုပ်လွှဲမြန်တဲ့ကောင်။
ထယ်ယောင်းကိုစိုးရိမ်ပေးနေလိုက်တာ။စောစောက စူပုတ်ပုတ်ရုပ်နဲ့ချီလာတဲ့ဂျောင်ကုမှဟုတ်ရဲ့လား။

တစ်ဖက်ကလည်း အငယ်တွေက ဒီလိုမျိုးရင်းရင်းနှီးနှီးနေကြတာ မြင်​ေတာ့ သူပါအလိုလိုပြုံးမိသည်။
တွေ့တာဘယ်လောက်မှမကြာသေးပေမယ့် ဒီကလေးသုံးယောက်ရဲ့ဖြူစင်မှုတွေကို မြင်နေရသည်။
ရေစက်ပါလို့ ဒီမှာအတူတူလာပိတ်မိကာ အချိန်ခဏလေးမှာပင် သူတို့သုံးယောက်ပေါ်ကို သံယောဇဥ်တွယ်မိသွားသည်ထင်ပါရဲ့။

"ငါတို့ ဘယ်တော့မှအိမ်ပြန်ရမှာလဲဟင်"

တအင့်အင့်နှင့်ရှုိက်ကာ အသက်မနည်းလုရှုနေရသောထယ်ယောင်းကိုကြည့်ရင်း ဂျောင်ကုအံတင်းတင်းကြိတ်လိုက်မိသည်။
ခွေးမသားသရဲဲတွေက မကြောက်တတ်တဲ့သူတွေကျ မခြောက်ဘဲ ထယ်ယောင်းကိုပဲဏခဏခြောက်နေတာမဟုတ်လား။

နှဖူးပြေပြေပေါ်တွင် ဖိုသီပတ်သီကျနေသော ဆံပင်အုပ်အုပ်တွေက ေ ချွေးတွေစိုရွှဲနေ၏။
ဒီကောင်လေးဘယ်လောက်တောင်ကြောက်နေလိုက်မလဲ။
ပေကပ်ကပ်နဲ့ ဘာကိုမှမကြောက်ဖူးလို့ ထင်ထားသည့် ဒိကာင်လေးကသရဲကိုတော့ တော်တာ်ကြောက်ပုံရသည်။

ကျောင်းပြေးပြီးGameဆော့ဖို့ကလွဲရင် ကျန်တာဘာကိုမှ လေးလေးနကျမရှိသည့် သူသည် ကျောင်းပြောင်းလာလာချင်းနေ့မှာပဲ ကျောင်းနောက်ကျသည့် ဒီကောင်လေးကို စပ်စပ်စုစုသတိထားနေခဲ့မိိသည်။
နွဲ့နွဲ့နှောင်းနှောင်းတစ်စက်မှမရှိပါပဲ သူ့မျက်လုံးထဲတွင်ဘုကလန့်ဖြစ်ရသည်အထိချော၏။

ထိုနေ့မှစ၍ ဂျောင်ကုတွင် ကျောင်းပြေး ၊ဂိမ်းဆော့တာအပြင် ထယ်ယောင်းကိုလိုက်နှောင့်ယှက်သောအကျင့်တစ်ခုပါတိုးလာခဲ့သည်။
ဒါကလည်း စာကလွဲရင်ဘာကိုမှစိတ်မဝင်စားတဲ့ ထယ်ယောင်းဆီက အာရုံစိုက်ခံချင်လို့သာဖြစ်မည်။

𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)Where stories live. Discover now