For Unicode
ဂျီမင်တို့ အငယ်လေးယောက်စုကာ အသံလာရာဘက် တရွေ့ရွေ့လိုက်လာခဲ့ရင်း အခုတော့ အစ်ကိုသုံးေယာက်ကို ခပ်လှမ်းလှမ်းကမြင်နေရပြီဖြစ်သည်။ဖုန်းမီးအလင်းရောင် ခပ်မှိနိမှိန်နဲ့ဖြစ်၍ သိပ်တော့ မထင်ရှား။
"နောက်ဆုံးတော့ တွေ့ပြီ...အစ်ကိုတို့ကလည်း ဘာအရဲကိုးပြီး ဇွတ်သွားနေတာလဲမသိ...ဟိုးဘက်တောင်ရောက်နေပြီ"
ထယ်ယောင်းပြောတာကို ဂျောင်ကုကလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံ၏။
"နေဦး...အဲ့ အဲ့ဒီအနီရောင်အစက်တွေက ဘာ ဘာတွေလဲ...ငါပဲ မြင်နေရတာတော့မဟုတ်ဘူးမလား"
ဟိုဆော့တို့ရှိရာ အနီးတစ်ဝိုက်ကို လက်ညှိုးညွှန်ရင်း ထစ်ထစ်ငေါ့ငေါ့တုန်တုန်ယင်ယင်ပြောနေသည့် ဂျီမင်။
ဂျီမင်စကားကြောင့် ထယ်ယောင်းနဲ့ဂျောင်ကုအပြင် ခေါင်းငုတ်လျက်လိုက်ပါလာခဲ့သည့် ဆော့ဂျင်ပါခေါင်းထောင်ကြည့်သည်။
"အဲ့တာ မျက် မျက်လုံးတွေ..."
ဂျောင်ကုကိုယ်တိုင်လည်း ထိုအရာတွေရဲ့ အရင်းအမြစ်ကို ကောက်ချက်ချမိလိုက်သည်နှင့်တစ်ပြိုင်နက် ကြက်သီးမွှေးညှင်းတွေပါထပြီး တစ်ကိုယ်လုံးအေးစက်လာရသည်။
မျက်လုံးတွေအများကြီး အစ်ကိုတို့ဘေးပတ်ဝန်းကျင်မှာ ဝန်းရံနေသည်။နည်းနည်းနောနောမဟုတ်ဘဲ မျက်လုံး၅၀လောက်ကို သူတို့မြင်နေရတာ။
တကယ်သာ သရဲတွေဆို အကောင်၂၀၊၃၀လောက်ရှိမလား။
မျက်ဝန်းတွေကနီရဲနေရုံမက အကြည်စူးစူးရဲရဲကိုပါ ခံစားမိသည်။တစ်စထက်တစ်စနီးကပ်လာသည်နှင့်အမျှ ပုံရိပ်တွေကလည်း ပြတ်သားလာ၏။
"စတိုခန်း...မဖြစ်ဘူး...အစ်ကိုတို့ အစ်ကိုတို့ကို ပြန်ခေါ်ကြပါ မင်မင်...ထယ်ယောင်း အစ်ကိုတို့ကို ပြန်ခေါ်ပါ ဂျောင်ကု"
ငိုသံစွက်လျှက် ဂျောင်ကုတို့ သုံးယောက်ကို တောင်းပန်နေတဲ့ ဆော့ဂျင်။
"အစ်ကိုနမ်ဂျွန်း..."
အစ်ကိုနမ်ဂျွန်းက ထိုတံခါးအားဖွင့်ဟန်ပြုတော့ ဆော့ဂျင်တစ်ယောက် အသံကုန်ခြစ်ကာ အော်ဟစ်ရင်း အရှေ့တူရူကို တန်းတန်းမတ်မတ်ပြေးလွှားသွားသည်မှ လေအလျှင်အလား။
YOU ARE READING
𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)
Horrorရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709 , HlaingMeMeAung Fic type - Horror , Romance Started date - 13.10.2022 Ended date -