For Unicode
"အခုစီနီယာ့ကိုလည်းတွေ့ပြီဆိုတော့ ကျွန်တော်တို့အတူတူ အစ်ကိုတို့ကိုလိုက်ရှာရအောင်"
"အင်း "
ဂျီမင့်စကားကို ထယ်ယောင်းကခေါင်းညိတ်ကာ ...
"ငါတို့ဒီနေရာကနေ အမြန်ဆုံးထွက်သွားကြမယ်"
ထယ်ယောင်းသည် အေးစက်နေသော ဆော့ဂျင်၏လက်ကိုလှမ်းကိုင်ကာ အားပေးသည်။
"မကြောက်နဲ့တော့နော် ကျွန်တော်တို့ရှိတယ်"
"ကျေးဇူးပါ"
ဆော့ဂျင်၏အသံသည် ခပ်တိုးတိုးသာထွက်လာ၏။
"ရပါတယ် ကျွန်တော်တို့ကညီအစ်ကိုတွေပဲလေ "
"ဟင်"
ခပ်တွေတွေနှင့်စဥ်းစားသလိုဖြစ်သွားသော ဆော့ဂျင်ပုံကိုကြည့်ကာ ထယ်ယောင်းရယ်လိုက်မိသည်။ဒီအစ်ကိုကလည်း ကြောင်တောင်တောင်လေးပဲ။
"ဟုတ်တယ်လေ သွေးမတော်သားစပ်ပေမယ့် ကျွန်တော်တို့မျိုးရိုးကတူတယ်လေ။ အစ်ကိုဆော့ဂျင်ရယ် ကျွန်တော်ရယ် အစ်ကိုနမ်ဂျွန်းရယ်လေ "
ဆော့ဂျင်နှုတ်ခမ်းထူထူဟာ ပြုံးယောင်သမ်းသွား၏။
"လာပါ ကျွန်တော်တို့အတူတူသွားကြမယ်"
တစ်ဖက်ကိုလှည့်မိတော့ ထိုမြင်ကွင်းကိုအမြင်ကပ်သလိုကြည့်နေသော ဂျောင်ကုနှင့်ဆုံသည်။
"သွားမယ်ဆိုလာလေ အခုမှမြင်ဖူးတဲ့သူကို ဘာအဖြစ်သည်းနေတာလဲ "
ထယ်ယောင်းမှာရုတ်တရက်ကြီး ပိတ်ဟောက်ခံရ၍ မကျေနပ်သော်လည်း ဘာမှတော့ပြန်မချေပမိပေ။
ဂျွန်ဂျောင်ကုဆိုတဲ့အမျိုးက ထယ်ယောင်းအသက်ရှုနေရင်တောင် မကျေနပ်ဖြစ်နေတဲ့လူမျိုးလေ။တိတ်ဆိတ်နေသောကော်ရစ်တာတစ်လျှောက်တွင် သူတို့၄ ယောက်ထက်ပိုနေသော ဖိနပ်ရှပ်တိုက်သံတွေကို ကြားနေရ၏။
လင်းလင်းထင်းထင်းမမြင်ရတာမို့ လိုတာထက်ပင် ပို၍ကျန့်ကြာနေသလိုခံစားရသည်။ဆော့ဂျင်နဲ့ထယ်ယောင်းက အရှေ့ကနေမီးထိုးရင်း ဦးဆောင်ပြီးသွားကာ နောက်မလှမ်းမကမ်းတွင် ဂျီမင်နှင့်ဂျောင်ကုလိုက်လာ၏။
KAMU SEDANG MEMBACA
𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)
Hororရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709 , HlaingMeMeAung Fic type - Horror , Romance Started date - 13.10.2022 Ended date -