စာမေးပွဲဖြေဖို့တစ်ပတ်ဘဲလိုတော့တဲ့အချိန်တစ်ခု။
ဒီနေ့တော့ ကျောင်းက ပိတ်ရက်မို့ အိမ်တွင် laptopသုံးကာ စာကြည့်မည်ဟု တွေးထားလေသည်။
ဂျပန်နိုင်ငံ၊ အိုကာရာမမြို့တွင် ကျောင်းတက်နေတဲ့ ဂျပန်သားလေး ရီခီတစ်ယောက် အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲနီးလာသဖြင့် အရင်ကထက်ပိုပြီး စာလုပ်လာလေသည်။
အတန်းထဲတွင်လည်း စာတော်သူဖြစ်ကာ ထူးထူးဆန်းဆန်းတွေ ရှာဖွေဖတ်တတ်လွန်းလို့ ရူးကြောင်ကြောင်ကောင်လို့ ပြောကြသူများလည်းရှိသည်။
သူတို့သူငယ်ချင်းတစ်စုသည် သဘာ၀အတိုင်းဖြစ်ပျက်နေသည့် အရာများကို ကျော်လွန်၍ လေ့လာကြသူများဖြစ်သည်။ ဒီအတွက်ကြောင့် သူတို့အဖွဲ့အား ကျောင်းက သူများသည်
ငကြောင်အဖွဲ့ဟု နာမည်ပေးထားသည်မှာ ဆန်းကြယ်သည့်အရာတော့မဟုတ်ခဲ့ပေ။ရီခီတစ်ယောက်က laptopနဲ့အလုပ်ရှုပ်နေချိန် မထင်မှတ်ဘဲ The Devil's Bridge ဆိုတဲ့
စာတန်းနဲ့ တံတားငယ်လေးတစ်ခု ကို မြင်တွေ့သွားသည်။ နဂိုကတည်းကပင် ထူးဆန်းတာတွေ သဘောကျသူမို့ သူတစ်ခါမှမဖတ်ဖူးသေးသော ထိုအကြောင်းအရာများကို ဖတ်လိုက်သည်။ရေးသားထားသည်မှာ
"ဤတံတားသည် ဂျာမနီနိုင်ငံအရှေ့ပိုင်း
Gablenzအနီးက Kromlauerပန်းခြံမှာ တည်ရှိနေတာဖြစ်ပြီး ထိုတံတားဟာစက်ဝိုင်းပုံရှိပြီး ထိုတံတားရဲ့ အရိပ်ဟာလည်း ကန်ရေပြင်ပေါ်မှာ ထင်ဟပ်ကာ လှပသေသပ်လွန်းလှတဲ့ ပန်းချီကား တစ်ချပ်ပမာ တည်ရှိနေလေသည်။ဒီတံတားကိုအမျိုးမျိူး ပြောဆိုနေကြသည်ကို မြင်တွေ့ရမှာဖြစ်သည်။
ဂျာမန်လို "Rakotzbrucke"လို့ခေါ်ကြတယ်။
ဂျာမန်လို "Brucke"ဆိုတာ တံတားလို့အဓိပ္ပာယ်ရပြီး "Rakotz"ဆိုတာမကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရပါတယ်ဒီတံတားဟာ Gothic ဗိသုကာလက်ရာ ဟာ "Friedrich Hermann Rotschke" ဆိုတဲ့ ဒေသခံ သူရဲကောင်းတစ်ဦးကို 1860မှာတာ၀န်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီတံတားဟာ ဘေ့စ်ကျောက်များဖြင့် တည်ဆောက်ထားကာ တည်ဆောက်သူဟာ စကင်ဒီးနေဗီးယားနိုင်ငံမှ ကျောက်များကို ယူကာ တည်ဆောက်ထားသည်ဟုလည်း ပြောဆိုကြသည်။အလွန်လှပသေသပ်လှတဲ့လက်ရာတစ်ခုဘဲဖြစ်ပါတယ်။ အင်ဂျင်နီယာထက်တောင်စောတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။
YOU ARE READING
ᴛʜᴇ ᴅᴇᴠɪʟ's ʙʀɪᴅɢᴇ
Fanfictionရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ ပါ၀င်သောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ...