လွန်လေပြီးတဲ့ မိုးရေစက်တွေနဲ့အတူ မျောပါမသွားနိုင်တဲ့ နာကျင်စရာတွေက တစ်ခါတစ်လေမှာခြောက်လန့်လို့နေတယ် တစ်ခါလောက်တော့ နာကျင်စရာမရှိဘဲ အဆုံးသတ်ကောင်းပါရဲ့~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ကအတွက် sunghoonအရမ်းပျော်ရွှင်မိသည်။ အဘယ်ကြောင့်ဆိုသော် နီခီကသူ့အား အဖြေပေးမယ်ဆိုပြီး သူတို့တွေ့နေကြ သူပိုင်သော အိမ်ငယ်လေးတွင်~
ထပ်ပြီးမစောင့်ချင်တော့တာမို့ ထိုနေရာသို့ သူ့၏ ခွေးလေးအားအစာကျွေးနေသော နီခီအား လက်မှဆွဲကာ ခေါ်လာလေသည်။ နီခီလည်း ရုတ်တရက်လက်လာဆွဲတဲ့ သခင်လေးကြောင့် ကြောင်အအနဲ့ ဘာမှပြန်ပြောချိနိတောင်မရဘဲ သခင်လေးခေါ်ရသို့ပါလာလေသည်။
"ဟွန်း လွတ်ပါဦး ဘယ်ကိုခေါ်သွားတာလဲ autuကိုအစာတောင်ကောင်းကောင်း မကျွေးရသေးဘူး ဗိုက်မ၀ရင်ဘယ်လိုလုပ်မလဲ" ဟု နီခီမှ ဆောင်းဟွန်းလက်ကို ပြန်ဆွဲကာ ပြောလိုက်လေသည်။
"ဒီနေ့တစ်ရက် ဗိုက်မ၀တာဘာဖြစ်လဲ နောက်ဆို တစ်သက်လုံး၀တော့မှာကို အခုတောင် autuက ခွေးတောင်မဟုတ် ၀က်ဖြစ်နေတာ"
"ဟ ကိုယ့်ခွေးကို၀က်တဲ့"
"အဲတာတွေထားပါ ဒီနေ့အဖြေပေးမယ်ဆိုပြီးမေ့ချင်ယောင်ဆောင်တာ ဘယ်သူလဲ"
"အာ အဲတာကလေ အဲတာက ဒါပေမဲ့ အခုလိုလက်ဆွဲပြီးတော့ ဘယ်ခေါ်သွားမို့လဲ ရိုးရိုးတောင်းလေးပေးမှာပါ နဂိုကတည်းကချစ်ပြီးသားကို"
"မဟုတ်ဘူးလေ ကိုယ်က ရိုမန်တစ်ဆန်ချင်တာ ဟမ် နေပါဦး အခုကိုယ့်ကိုချစ်တယ်လို့ပြောလိုက်တာလား" ဆောင်းဟွန်းခမျာ ခလည်အူကြောင်လုပ်ကာ ပြန်မေးနေလေသည်။
"ဟုတ်တယ်လေ ကျွန်တော် ဟွန်းကိုမချစ်ရင် ဒီအိမ်ကြီးမှာမနေဘဲ ဟွန်းပြောကတည်းကထွက်သွားလောက်တယ်"
"တော်ပါသေးရဲ့ ကိုယ့်ကိုမချစ်ဘူးထင်နေမိတာ"
"ကျွန်တော်အပေါ်ဒီလောက်ကောင်းတာ ပြီးတော့ ဒီရောက်တဲ့ငါးနှစ်တာလုံးမှာ ဟွန်းကသာအကောင်းဆုံးလို့ ကျွန်တော့်စိတ်ထဲအမြဲမှတ်ထားနေတာ"
"အဲလောက်လည်းမဟုတ်ခဲ့ပါဘူး ဒါတောင် တာ၀န်မကျေတာတွေရှိသေးခဲ့တာ"
"ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကို ချစ်သူတွေဖြစ်ကြပြီဘဲလေ ဒါတွေမလိုအပ်တော့ဘူး"
"အင်းဟူတ်တယ် လာပါဦးဖက်ထားချင်လို့"ဟု ပြောကာဆောင်းဟွန်းက နီခီကို ဖက်ဖို့လက်လှမ်းတော့နီခီကလည်းအလိုက်တသိပြန်ဖက်လိုက်လေသည်။
YOU ARE READING
ᴛʜᴇ ᴅᴇᴠɪʟ's ʙʀɪᴅɢᴇ
Fanfictionရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ ပါ၀င်သောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ...