Serve for love

120 13 0
                                    

~~~~~~~~~~~~~~
ထိုနေ့က မင်းသားငယ်ရဲ့မွေးနေ့လေးဟာ ရင်ခုန်သံတို့ရောယှက်လျက် အမည်မသိ ခံစားချက်တို့နှင့်အတူ သူလိုချင်ခဲ့သော မွေ‌းနေ့လက်ဆောင်ကိုရခဲ့သည်မို့ အပျော်ကြီးပျော်နေခဲ့တယ်။

ထိုညက ဆောင်းဟွန်းဟာ နီခီကို သူ့အခန်းထဲ မှာဘဲ အိပ်ဖို့နေရာပြင်ဆင်ပေးခဲ့တယ်။ ဒီကောင်ငယ်လေးအား ဒီထက်ဝေးဝေးပင်ထွက်မသွားစေချင်လို။

ဆံပင်နီညိုညို အကောက်တို့က ထိုကောင်လေးမျက်နှာပေါ်ဝဲကျနေပြီး ကြည်လင်တဲ့မျက်နှာငယ်ကြောင့် သူမြင်မြင်ချင်းအရမ်းသဘောကျမိတယ်။

ထိုညရဲ့ ညလမင်းရောင်အောက်မှာ တိတ်ဆိတ်စွာ အိပ်စက်ခဲ့ကြတဲ့ ထိုကောင်လေးနှစ်ယောက်ရဲ့ အနာဂတ် ကံကြမ္မာဟာ ယခုကဲ့သို့အေးချမ်းနိုင်ပါ့မလား

~~~~~~~~~~~~~~~~~~~~~~~
ဆိပ်ကမ်းမြို့ ဖြစ်သည့်အတွက်ကြောင့် နံနက်လင်းသောက်တာနှင့် ကုန်သည်များဖြင့်ဆူညံနေလေသည်။ ကုန်ပစ္စည်းတွေကို ပင်လယ် သင်္ဘောတွေဆီက ကုန်တင် ကုန်ချလုပ်သူကလုပ်။ ပိုင်ဆိုင်သည့် ကုန်သည်တို့က သေချာကြပ်မှတ်နှင့် ပင်လယ်ကမ်းစပ်တွင်တော့ ဆူညံလျက်ရှိလေသည်။

( Pirates of the Caribbean ကားကိုသိကြမယ်ထင်တယ်အဲထဲက ဇာတ်၀င်ခန်းတစ်ချို့နေရာလေးကိုမြင်ယောင်ပေးပါ)

မင်းသားလေးကတော့ နံနက်ခင်းနေလင်းရောင်ခြည်နှင့်အတူ လန်းဆန်းစွာနိုးထလာလေသည်။

သူ့ဘေးနားကြည့်လိုက်တော့ နီခီကိုမြင်လိုက်ရသည်။ ဒီကောင်လေး ဘယ်အချိန်ကတည်းက ထနေတာလဲ ဟူတွေးနေမိသည်။ ယခုကား pendulum နာရီကို ငေးလိုက်ရာ ခြောက်နာရီသာ ရှိသေးသည်။

"ဘာလို့အစောကြီးထနေတာလဲ နီခီ ဆက်အိပ်လေ ငါက ခိုင်းဖို့ခေါ်ထားတာမှမဟုတ်တာ"

ရုတ်တရက် ဆောင်းဟွန်းပြောလိုက်တဲ့စကားကြောင့် နီခီကြောင်အသွားရသည်။ သူ့ကိုခိုင်းဖို့ခေါ်တာမဟုတ်ရင်ဘာကြောင့်လဲ။

"သခင်လေးဘာလို့..."

"Stop သခင်လေးမဟုတ်ဘူး။ ငါနာမည် ဟွန်း" ဆောင်းဟွန်းဟာ နီခီကို အဓိပ္ပာယ်ပါပါကြည့်ပြီး ပြောလိုက်သည်။

ᴛʜᴇ ᴅᴇᴠɪʟ's ʙʀɪᴅɢᴇWhere stories live. Discover now