We met in past life

103 13 0
                                    

တိတ်ဆိတ်တဲ့ညယံတွေမှာ မင်းဆိုတဲ့နွေးထွေးမှုလေးရှိခဲ့သလို ပူပြင်းတဲ့နေ့ဘက်တွေမှာ အေးချမ်းစွာတည်ရှိနေတဲ့မင်းကို ငါမြတ်မြတ်နိုးနိုးနဲ့ချစ်တယ်

~~~~~~~~~~~~~~~~~~~~~~~~
စတင်တွေ့ဆုံခြင်းရဲ့အစ

•••••••••

ဒီနေ့က အိမ်ကြီးရှင် သခင်ရဲ့ သား‌ အသက်20ပြည့်ပွဲအတွက်အားလုံးဟာ ပျော်ရွှင်စွာ ကျင်းပရန်ပြင်ဆင်နေကြလေသည်။ Hamburg ဆိုတဲ့ ဂျာမန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့လေးရဲ့ အိမ်တော်မှာ ပွဲတော်အတွက်ဆူညံလျက်။

ဆိပ်ကမ်းမြို့ရဲ့ အချမ်းသားဆုံးစာရင်း၀င် ကုန်သည်ကြီးရဲ့သားမို့ လူတိုင်းဟာ ထိုပျော်ပွဲရွှင်ပွဲသို့ လာရောက်ကြမည်မှာအမှန်ပင်။ ကုန်သည်သူဌေးကြီးရဲ့သဘောကောင်းမှုကြောင့် မြို့ထဲရှိ ချမ်းသာသူ ဆင်းရဲသူ မခွဲခြားဘဲ လာရောက်ခိုင်းခဲ့သည်။

ပျိုမဒီတို့သည်လည်း သခင်လေးရဲ့ ခန့်ထည်တဲ့အပြင် ‌နတ်သားလေးတစ်ပါးအတိုင်းချောကြောင်းကြားပြီးတဲ့နောက်မှာ ကြင်ယာတော်အဖြစ်ရွေးချယ်နိုင်တာမို့ အကောင်းတကာ့အကောင်းဆုံးဆိုတာတွေကိုဘဲ ၀တ်ဆင်ပြင်ဆင်လာကြသည်။

သခင်လေးရဲ့ မွေးနေ့ပွဲဟာ လူများစွာနှင့် ပျော်စရာကောင်းလှသည်။ သခင်လေးကတော့ သူ့မွေးနေ့အတွက် စိတ်လှုပ်ရှားစွာ ပွဲထဲလှည့်လည်သွားလာနေသည်။

ရွှေရောင် ပိုးသားကို အထူးတလည်ချုပ်လုပ်ကာ အပေါ်၀တ်ရုံအဖြင့်ရုံထားလိုက်သည်။ အောက်မှ ဘောင်းဘီအနက်ရောင်ကို၀တ်ကာ အပေါ်ထပ်အတွက် စိမ်းရင့်ရောင်နှင့်ရွှေရောင်စပ်ချုပ်ထားသော အကျပ်အကျီကို သေချာစွာ၀တ်ထားလေသည်။ ဖြူ၀င်းတဲ့အသားအရေ ခန့်ထည်လှတဲ့ ၀တ်စားဆင်ယင်မှု ချောမောလှတဲ့မျက်နှာက မြင်သူတကာကို ရင်သပ်စေပြီး ခဏလေးတောင်အကြည့်မလွှဲနိုင်ဖြစ်ရလေသည်။

မီးရောင်ဝါများကြားက လူအုပ်ကြီးထဲကို လှည့်ပတ်ကြည့်နေတဲ့ သခင်လေးဟာ တစ်ခါမှ မြေကြီးကိုတောင်ထိတွေ့ဖူးပုံမပေါ်ပင်။ ဒီနှစ် သူပျော်နေလေသည်။ သူလုပ်ချင်တာတွေဖြစ်ချင်တာတွေလုပ်ခွင့်ရှိလာတော့မည်ဖြစ်တာကြောင့်ပင်။

ᴛʜᴇ ᴅᴇᴠɪʟ's ʙʀɪᴅɢᴇOù les histoires vivent. Découvrez maintenant