ညမှောင်မိုက်ချိန်တွေဟာ လမ်းပြပေးဖို့ခက်ခဲသလို နှောင်ကြိုးတွေ စွဲလမ်းခြင်းတွေကလည်း လွတ်မြောက်ဖို့ အတွက် ခက်ခဲသွားတတ်ကြတယ် နှလုံးသားမှာစွဲမြဲ တည်ထားတဲ့အရာတစ်ခုဟာလည်း တစ်ချိန်ချိန်မှာပျက်စီးနိုင်တယ် ကျွန်တော်တို့တွေဟာ စွဲလမ်းခြင်းကြောင့် အမှောင်ဖုံးမိနေကြခဲ့တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~ဤအပိုင်းတွင်ပါ၀င်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညယံအချိန်တွေဟာမှောင်သထက် မှောင်လာလို နက်သထက်နက်လာလေသည်။တဖြည်းဖြည်းနဲ့ ညလေတွေကလည်း အေးလာလေသည်။
Rikiတို့လည်း tentထဲ၀င်ခါ အိပ်ရန်သာပြင်ဆင်တော့သည်။
Yaka- tentထဲ ၀င်နေတာတောင်အေးစက်နေတုန်းဘဲ
Toto-မင်းကလည်းတောထဲဘဲအေးမှာပေါ့
Yoko-မင်းတို့ မအိပ်နဲ့ဦးနော် အေးလို့သာ၀င်လာတာ
Riki tentထဲသာ၀င်လာပေမဲ့ စကားတစ်ခွန်းတောင်မဆိုတော့ဘဲ ဒီတိုင်းသာ၀င်လှဲနေလိုက်သည်။ဖြစ်ပျက်လာတော့မယ့်အရာအတွက် စိုးရိမ်ပူပန်သလိုကို စိတ်ထဲဖြစ်လာသည့်အတွက် အတွေးများလည်း များနေရသည်။
Yaka- Riki တိတ်လှချည်လား အိပ်သွားတာလား
ဟု yakaက rikiပုံစံကိုသတိထားမိတာကြောင့်လှမ်းမေးလိုက်သည်။
Riki-မဟုတ်ပါဘူး ဒီတိုင်း အတွေးများနေလို့ပါ
ဟုပြန်လည်ပြောလိုက်သည်။ထိုအချိန်တွင်အပြင်မှ အသံနက်တစ်ခုကိုကြားလိုက်ရသည်။ အသံမှာစူးနစ်ပြီး ကြောက်စရာေကာင်းလှတယ်။တောကောင်တစ်ကောင်ကောင်ရဲ့ အသံလား ဆိုပြီး rikiတို့လည်း tentထဲကနေနားစွင့်နေသည်။
Yoko-မင်းတို့ကြားလား ငါတို့အနီးအနားမှာဘဲနော်
ဟု yokoက tent အဖွင့်ဘက်ကိုမျက်နှာမူလျက် စူးစမ်းသလို ကြည့်ကာ ပြောလာသည်။Toto-ငါ ငါကြောက်တယ် ဟ တစ်ခါမှ ဒီလိုအသံမျိူးမကြားဖူးဘူး
Riki-ဟျောင့်ရာ စိတ်အေးအေးထားပါ တောကောင်အသံပါ
Yaka-အင်း တောကောင်အသံမှဟုတ်ရဲ့လား ငါတို့ အမြဲတောထဲရောက်နေကြဘဲ ပြီးတော့ဒီတောက လူသူလည်းရောက်ကြတာဘဲ ရွာတွေလည်းရှိတာ
YOU ARE READING
ᴛʜᴇ ᴅᴇᴠɪʟ's ʙʀɪᴅɢᴇ
Fanfictionရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ ပါ၀င်သောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ...