Episode-5

5.3K 505 96
                                    


#Unicode

"ဟုတ် အမေ..."

"အင်း သား၊ စောစောကဖုန်းခေါ်တာဘာလို့မကိုင်တာတုန်း...? မအားလို့လား...?"

"မဟုတ်ပါဘူး အမေ၊ စောစောက စာသင်ချိန်ဆိုတော့ အတန်းထဲမှာ ဖုန်းကို silent လုပ်ထားလို့ပါ၊ အခု အမေခေါ်ထားတာတွေ့မှ ပြန်ခေါ်လိုက်တာ..."

"အာ... ဟုတ်သားပဲ၊ အမေက ဒီနေ့ သားကျောင်းပိတ်တယ်ထင်ပြီးဆက်လိုက်တာ။ အခုရော သား ဖုန်းပြောလို့ရရဲ့လား...?"

"ရပါတယ် အမေ... အခုက နေ့လယ်နားချိန်လေ၊ အမေက ဘာပြောမလို့လဲဟင်...?"

နံနက်ခင်းအတန်းချိန်ပြီးလို့ ဖုန်းကိုထုတ်ကြည့်လိုက်တော့ အမေကဖုန်းခေါ်ထားကြောင်းတွေ့လိုက်ရသည်...။ နေ့လယ်စာစားချိန်မို့ အတန်းဆီကနေ canteen ကိုသွားရာလမ်းတစ်လျှောက် အမေနဲ့ဖုန်းပြောနေခြင်းပင်...။

ကိုယ်တို့အတန်းနဲ့ canteen ကြား အားကစားကွင်းရှိတာမို့ canteen ကိုသွားချင်ရင် ထိုအားကစားကွင်းကိုဖြတ်လျှောက်ရသည်။ အခုလည်း အားကစားကွင်းဆီတောင်မရောက်သေး၊ အတန်းထဲကနေထွက်လိုက်ရုံနဲ့ ဘတ်စကတ်ဘော၊ ဘော်လီဘော မျိုးစုံကစားနေကြသည့် ကျောင်းသားတွေရဲ့အသံတွေကဆူညံနေလေရာ ဖုန်းထဲကအမေ့အသံကိုတောင် မနည်းနားထောင်နေရ၏...။

"အထွေအထူးတော့မဟုတ်ပါဘူး သားရယ်၊ ဒီလ သားဆီလာရင် အမေဘာဟင်းတွေချက်လာပေးရမလဲလို့ မေးမလို့...၊ သားကတစ်ယောက်တည်းနေတာဆိုတော့ အိမ်ဟင်း အိမ်ထမင်းလွမ်းနေမှာပေါ့..."

"ရပါတယ် အမေရယ်၊ မချက်ခဲ့ပါနဲ့၊ ဒီမှာအဆင်ပြေပါတယ်။ လတိုင်း လတိုင်း ဆိုးလ်ကိုတက်လာနေရတာနဲ့ပဲ ပင်ပန်းနေပြီဟာကို။ အဆင်မပြေရင် အမေ ဒီလ မလာလို့လည်းရပါတယ်၊ အဖွားကလည်းနေမကောင်းဘူးမလား...?"

"ဟုတ်တယ် သားရယ်၊ အမေက သားဆီလာမယ်လို့သာပြောနေတာ၊ သားအဖွားကိုလည်းတစ်ယောက်တည်းဘယ်လိုထားခဲ့ရမှန်းမသိဘူး..."

"အဲဒါကြောင့် အမေ့ကို နောက် လ မှလာလို့ပြောတာ။ ကျွန်တော်ကဒီမှာအကုန်အဆင်ပြေတယ်။ အဖွားကိုပဲဂရုစိုက်လိုက်ပါ။ တကယ်ဆို ကျွန်တော်တောင်အဖွားကိုလာပြုစုပေးချင်တာ၊ လပတ်စာမေးပွဲကနီးနေလို့..."

Long Nights And Daydreams (Completed)Where stories live. Discover now