Episode-11

4.8K 478 119
                                    

#Unicode

*တီ တီ*

တတီတီနှင့်မြည်နေသည့်နှိုးစက်ကို ပျင်းရိစွာပင်ပိတ်လိုက်သည်...။ သက်ပြင်းတစ်ချက်ခပ်ပြင်းပြင်းချရင်း လှဲနေရာကနေ ကုတင်ပေါ်ထထိုင်လိုက်လေတော့ အခန်းပြတင်းဆီကဖြတ်ကာဝင်လာသော နေရောင်က မျက်နှာကိုလာထိုးသည်...။

အရင်နေ့တွေတုန်းကဆို နာရီနှိုးစက်ဆီကအသံမြည်တာနဲ့ မောင်နဲ့အတူကျောင်းသွားကျောင်းပြန် ဘတ်စ်ကားအတူစီးပြီး တစ်နေကုန်အတူ‌ရှိနေမယ်ဆိုတဲ့အတွေးဖြင့် သွက်လက်တက်ကြွနေတတ်ပေမယ့် ဒီနေ့တော့အဲဒီ့လိုမဟုတ်...။

ကိုယ် မောင့်ကိုမျက်နှာချင်းမဆိုင်ချင်သလို တွေ့လည်းတွေ့ချင်စိတ်မရှိပါ။ ဒါကြောင့် ကျောင်းကိုလည်းမသွားချင်ပေ...။

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာကို ဆေးမထည့်ပဲ ဘယ်လောက်ပဲမျက်ကွယ်ပြုထား ပြုထား၊ အဲဒီ့ဒဏ်ရာရဲ့နာကျင်မှုကိုတော့ ခံစားရစမြဲမဟုတ်လား။ ကိုယ်လည်းအဲဒီ့လိုပါပင်၊ မောင့်ကြောင့် နာကျင်နေရတဲ့နှလုံးသားကို ဘယ်လောက်ပဲ လျစ်လျူရှုထားပြီး ဘေးနားမှာမောင်ရှိရင်ရပြီလို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ နာကျင်‌ပင်ပန်းနေရတဲ့ဒဏ်တွေက လျော့သွားမှာမှမဟုတ်တာလေ...။

အဲဒီ့လိုဆိုလို့ မောင့်ကိုလက်လွှတ်ပေးနိုင်လား၊ အဆုံးရှုံးခံနိုင်လားဆိုတော့လည်း ဟင့်အင်း နှလုံးသားက အဲ့လောက်ထိ သတ္တိမရှိပြန်ဘူး...။ မောင် ကိုယ့်ဘေးနားမှာမရှိတော့လို့ ခံစားရမယ့်နာကျင်မှုထက် မောင်ပေးတဲ့နာကျင်မှုကိုသာ ရူးရူးမိုက်မိုက်ခံယူချင်သည်...။ ဘာပဲဖြစ်ဖြစ် ဒါဟာ ဘယ်သူ့ပယောဂမှ မပါပဲ ကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲမဟုတ်လား...။

*ဗြည်း ဗြည်း*

ကုတင်ပေါ်ကနေမထရသေးပဲ တစ်ယောက်တည်းထိုင်ကာအတွေးများနေတုန်းမှာပဲ silent ပေးထားသော ဖုန်းဆီမှ တုန်ခါမှုနဲ့အတူမြည်လာသော အသံ...။ ယူကြည့်မိတော့ အမေ့ဆီကဖြစ်သည်...။

"ဟုတ် အမေ...။ ဘာကိစ္စရှိလို့လဲဟင် မနက်အစောကြီးမဆက်စဖူးဆက်လို့..."

Long Nights And Daydreams (Completed)Where stories live. Discover now