Episode-17

5.1K 471 127
                                    

#Unicode

"ထယ်ယောင်း...! ထယ်ယောင်း...! သတိရလာပြီလား...!?"

အူနေသေးသောနားထဲ ခပ်သဲ့သဲ့ကြားလာရသော အသံ...။ မှိတ်ထားသောမျက်လုံးတွေကိုဖြည်းဖြည်းချင်းအားယူဖွင့်ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာက စိုးရိမ်တကြီးကိုယ့်ကိုကြည့်နေတဲ့ မင်ဟော့ sunbae ရဲ့မျက်နှာ...။ ရောက်နေတဲ့ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိတော့ ကျောင်းဆေးခန်းဖြစ်ပြီး အခုလောလောဆယ် ကိုယ်နဲ့မင်ဟော့ sunbae နှစ်ယောက်တည်းသာရှိကြောင်း သိလိုက်ရသည်...။

"တော်သေးတာပေါ့...! ကိုယ်တို့မှာဘယ်လောက်စိတ်ပူလိုက်ရလဲ...? အခုရော ဘယ်လိုနေသေးလဲ...?"

ကိုယ့်ကိုစိတ်ပူနေသည့်ဟန်တရစပ်‌ပြောနေတဲ့ မင်ဟော့ sunbae ရဲ့စကားတွေက ကိုယ့်ခေါင်းထဲဝင်မလာ၊ ပထမဆုံးတွေးလိုက်မိတဲ့အတွေးက...

ဒါဆို ကိုယ်မူးလဲသွားတုန်းက ကိုယ့်ကိုပွေ့ချီပြီး ကျောင်းဆေးခန်းဆီခေါ်လာတာက ကိုယ်ထင်ခဲ့သလို မောင်မဟုတ်ပဲ မင်ဟော့ sunbae ဖြစ်နေခဲ့တာပေါ့...။

စိတ်ထဲကနေ ကိုယ့်ကိုကိုယ် ခပ်ဟဟ ရယ်လိုက်မိပါတော့သည်...။ ထင်တဲ့အတိုင်းပင် အဖျားတွေတက်လာပြီး ရူးကြောင်ကြောင်နဲ့ မဟုတ်တာတွေကို  မြင်ယောင် ကြားယောင်ခဲ့မိတာပဲ...။

ဒီလိုပဲဖြစ်မယ်ဆိုတာသိသိလျက်နဲ့ ကိုယ်ဟာ ထပ်ပြီးအမှတ်မရှိ မျှော်လင့်ခဲ့မိပြန်သည်၊ သတိမလစ်ခင် မျက်လုံးတွေမမှိတ်ခင် တွေ့လိုက်ရတဲ့ မောင့်ပုံရိပ်လေးဟာ ကိုယ်အဖျားကြီးပြီး ထင်ယောင်ထင်မှားနဲ့မြင်နေခဲ့တာမဟုတ်ပဲ အမှန်တကယ်အစစ်ဖြစ်နေပါစေလို့လေ...။

"ထယ်ယောင်း...! ထယ်ယောင်း...! ကိုယ်ပြောတာကြားလား...? ဘာဖြစ်လို့လဲ...? မသက်သာလို့လား...?"

မင်ဟော့ sunbae ကို ခေါင်းတစ်ချက်အသာခါပြလိုက်ရင်း...

"သက်သာပါတယ်...။ sunbae လည်း ကျွန်တော့်ကိုကျောင်းဆေးခန်းဆီလိုက်ပို့ပေးရတာနဲ့ အခုနိုးလာတဲ့အထိစောင့်ပေးရတာ ဒုက္ခများသွားပြီ။ ကျေးဇူးတင်ပါတယ် sunbae..."

"ဟင်... ကျောင်းဆေးခန်းကိုလိုက်ပို့ပေးတာ...? ကိုယ်က..."

"အော...! ထယ်ယောင်း နိုးလာပြီလား...? ဘယ်လိုလဲ သက်သာလား...?"

Long Nights And Daydreams (Completed)Where stories live. Discover now