Episode-23

5.4K 478 69
                                    

#Unicode

"ဓာတ်မှန်ရိုက်ကြည့်တဲ့ပုံအရ ဦးနှောက်အခြေအနေကလည်း တော်တော်လေးကောင်းမွန်လာပါတယ်။ ဆေးဝါးတွေကိုတော့စွဲသောက်ဖို့လိုလိမ့်မယ်။ ပြီးတော့ နှစ်နဲ့ချီအောင်မေ့မျောနေခဲ့တာဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးအကြောတွေက သိပ်တော့လှုပ်ရှားလို့ရသေးမှာမဟုတ်ဘူး။ လေ့ကျင့်ခန်းလုပ်ပေးရင်တော့ အရင်လိုပြန်ကောင်းလာပါလိမ့်မယ်..."

မောင့်ကိုခွဲစိတ်ပေးသည့် ခွဲစိတ်ဆရာဝန်ကြီးက ဓာတ်မှန်ကိုကိုင်ထားရင်းပြောလာသော စကား...။ ဘေးမှာ မောင့်အစ်မကလည်း ရပ်လို့နေ၏...။

ဆေးရုံအခန်းထဲကိုယ်ရောက်လာပြီးမကြာခင်မှာပဲ မောင့်ကိုစစ်ဆေးပေးရန် တာဝန်ခံဆရာဝန်ကြီးတွေရောက်လာတာမို့ ကိုယ်နဲ့မောင့်အမေကတော့ ခပ်လှမ်းလှမ်းမှာတင် ရပ်ကာကြည့်နေခြင်း...။

မကြာခင်မှာပဲ စစ်ဆေးစရာရှိတာစစ်ဆေးလို့ပြီးသွားတဲ့နောက် ဆရာဝန်တွေနဲ့အတူ မောင့်အစ်မက ပြန်ထွက်သွားပြီး မောင့်မိဘတွေကတော့ ဆေးရုံကိစ္စဆွေးနွေးရန် လိုက်လို့သွားသည်...။

"အချိန်ကလည်းနောက်ကျနေပြီ။ ညဉ့်ကလည်းနက်နေပြီဆိုတော့ ဒီမှာပဲအိပ်လိုက်တော့နော် ထယ်လေး..."

ဆေးရုံခန်းထဲကထွက်မသွားခင် ပြောသွားသော မောင့်မေမေရဲ့စကား...။

အခန်းထဲ ကုတင်ပေါ်မှာထိုင်နေသောမောင်နဲ့ ခပ်လှမ်းလှမ်းမှာရပ်နေသည့်ကိုယ်သာ ကျန်နေခဲ့လေတော့ လေထုဟာ တိတ်ဆိတ်လျက်ရှိနေသည်...။ ‌ဒီဆေးရုံခန်းထဲ‌ကိုယ်ရောက်လာပြီးကတည်းက အခုထိကိုယ်တို့နှစ်ယောက် စကားကိုမပြောရသေးပေ...။

တစ်ချက်တစ်ချက် မောင့်ဆီခိုးခိုးကြည့်နေမိတဲ့ကိုယ့်အကြည့်တွေ...။ ဒါပေမယ့် မောင်နဲ့အကြည့်ချင်းဆုံရင်တော့ ကိုယ့်ဘက်ကနေပဲစပြီးအကြည့်တွေကိုလွှဲလိုက်မိသည်...။

"အခုထိ မပြောင်းလဲသေးဘူးပဲကိုး..."

ထိုအခါကုတင်ပေါ်မှာထိုင်နေသည့်မောင့်ဆီကနေထွက်လာသော စကားသံ...။

"ဟင်...? ဘာကို...?"

"မောင့်မျက်လုံးတွေကိုအကြည့်ချင်းအဆုံမခံပဲလွှဲလွှဲသွားတတ်တာလေ...။ စစတွေ့တုန်းကလည်း ဒီလိုပဲ..."

Long Nights And Daydreams (Completed)Where stories live. Discover now