Episode-26

4.7K 392 111
                                    

#Unicode

*တောက်...တောက်!*

စာရေးစားပွဲအား ဘောပင်နဲ့ တတောက်တောက် ခေါက်နေသည့်အသံဟာ တိတ်ဆိတ်နေတဲ့အတန်းထဲခပ်ကျယ်ကျယ်ထွက်လို့လာတာမို့ စာရှင်းပြနေတဲ့ဆရာ့ရဲ့အကြည့်က ကိုယ့်ဆီရောက်လို့လာသည်...။

ဒါပေမယ့် ကိုယ် ဂရုမစိုက်နိုင်...။ အခုချိန် ကိုယ့်ခေါင်းထဲမှာရှိနေတာက ဒီနေ့ ယောင်း ဘာဖြစ်လို့ကျောင်းမလာတာလဲဆိုသည့်အတွေးသာ...။ မနက်က ဘတ်စ်ကားမှတ်တိုင်မှာလည်းမတွေ့၊ ကျောင်းရောက်တော့လည်းမရှိနှင့် ပိုဆိုးတာက ဒီနေ့ကျောင်းမလာတဲ့ကိစ္စ ကိုယ့်ကိုဘာမှအကြောင်းမကြားတာပင်...။

အတန်းချိန်ပြီးသွားတာနဲ့အတန်းအပြင်ကိုအမြန်ထွက်ကာ လှေကားထောင့်ချိုးလေးနားရပ်ရင်း ယောင်း ဆီဖုန်းဆက်ဖို့ပြင်လိုက်ပေမယ့်...

*ဘုတ်!*

"ဟာ...!"

"တောင်းပန်ပါတယ်ဗျ...!"

လှေကားပေါ်ကနေစကားပြောရင်းပြေးဆင်းလာကြတဲ့ ကျောင်းသားတစ်ချို့က ကိုယ့်ကိုဝင်တိုက်လို့သွားပြီး လှည့်ပင်မကြည့် တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းသာလွယ်လွယ်ပြောပြီးထွက်သွားကြလေသည်...။

လက်ထဲကိုင်ထားသည့်ဖုန်းကတော့ သူတို့ဝင်တိုက်လိုက်တာကြောင့် ဘေးကနံရံစောင်းနဲ့ထိကာ ကြမ်းပြင်ပေါ်ကျသွားလေ၏...။

"ကျစ်...! ဟာကွာ...!"

ပြန်ကောက်ယူကာကြည့်မိတော့ ဖုန်း screen က ပြန်ပေါ်မလာတော့ပဲ အမည်းဗြောင်ကြီးသာ...။

သုံးစားမရတော့တဲ့ဖုန်းကိုစိတ်ညစ်ညစ်နဲ့ကိုင်လာရင်း ကိုယ်ရောက်လာတာက ယောင်းတို့ရဲ့တတိယနှစ်အတန်းဆီ...။ ယောင်းရဲ့သူငယ်ချင်းဖြစ်တဲ့ မင်ဟိုဆိုတဲ့လူဆီ ယောင်းအကြောင်းမေးဖို့ရောက်လာတာဆိုပေမယ့် အဲဒီ့မင်ဟိုကတော့ ကိုယ်ကိုကြည်ပုံမရ၊ မိုက်ကန်းကန်းအကြည့်နဲ့ကြည့်လို့လာသည်...။

ယောင်းအ‌ကြောင်းမေးတော့လည်း မဖြေချင်ဖြေချင်ပုံစံနဲ့ ပြန်ဖြေလာတာက...

"ဒီအတိုင်းခွင့်တိုင်ပေးဖို့ပဲပြောတာ၊ ဘယ်သွားလဲ ဘာလုပ်လဲ ဘယ်နှရက်ကြာမှာလဲ အတိအကျမသိဘူး...!" ဆိုတဲ့မရေမရာစကား...။

Long Nights And Daydreams (Completed)Where stories live. Discover now