Episode-18

5.1K 462 113
                                    


#Unicode

ပိတ်ထားသောမျက်ခွံတွေကိုဖွင့်လိုက်သောအခါ ရင်းနှီးနေသော ကိုယ့်တိုက်ခန်းရဲ့မျက်နှာကြက်အဖြူရောင်က ကြိုဆိုလို့နေသည်...။ ကုတင်ပေါ်မှာလည်း သက်မဲ့ဆိုလို့ကိုယ်တစ်ယောက်ကလွဲရင်မရှိ...။ ခြုံထားတဲ့ဂွမ်းစောင်အောက်က ခန္ဓာကိုယ်အားကြည့်လိုက်တော့ အိပ်ပျော်သွားတုန်းကလို အဝတ်ဗလာမဟုတ်...။ မောင်က အင်္ကျီတွေ ဘောင်းဘီတွေဝတ်ပေးသွားသည်ထင်ပါ၏...။

လေးပင်နေသောခန္ဓာကိုယ်အား အားပြုကာ လှဲနေရာမှထထိုင်လိုက်သည်...။ တိုက်ခန်းထဲတခြားဘာအသံမှမကြားရပုံထောက်ရင် ကိုယ်မနိုးခင်တည်းက မောင်ပြန်သွားတာများလား...။

ထိုအတွေးနဲ့အတူ လှိုက်တက်လာသည့်ဝမ်းနည်းသလိုခံစားချက်...။ နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့ ပထမဆုံးညဖြစ်နေတာကို မောင်က ကိုယ်နိုးတဲ့အထိတောင်ဘေးနားမှာစောင့်နေမပေးဘူးတဲ့လေ...။

ဝဲတက်လာခါနီးမျက်ရည်တွေကို မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မောင်းထုတ်လိုက်သည်...။ မောင်နဲ့ပက်သက်ပြီး ပျော့ညံ့မနေချင်တော့ပါ...။

ကုတင်ပေါ်ကနေနာရီအားလှမ်းကြည့်လိုက်တော့ နေ့လယ်ပင်ဖြစ်လို့နေပြီ...။ ဒီအချိန်ကျောင်းသွားရင် နေ့လယ်ခင်းအချိန်တော့မှီနိုင်သေးသည်...။ ခန္ဓာကိုယ်က လမ်းမလျှောက်ချင်လောက်အောင်လေးပင်နေပေမယ့် အိမ်မှာတစ်ယောက်တည်းနေပြီး မောင့်အကြောင်းအတွေးများနေရမှာထက်စာရင် ကျောင်းမှာစာလုပ်နေတာက ပိုကောင်းသည်ဟု တွေးလိုက်ရင်း ကုတင်ပေါ်ကနေထကာ ကျောင်းသွားဖို့ပြင်ဆင်လိုက်တော့သည်...။

မြန်မြန်ဆန်ဆန်သာပြင်ဆင်လိုက်ရင်း ကျောင်းကိုရောက်သွားလေတော့ နေ့လယ်ထမင်းစားနားချိန်ဖြစ်လို့နေပြီ...။ နေ့လယ်နားချိန်ဆို canteen မှာပဲရှိတတ်သည့် မင်ဟိုက အခုလည်း canteen မှာပဲထိုင်နေလေ၏...။

"ထယ်ယောင်း... မနေ့ကမှမူးလဲတယ်၊ ဒီနေ့ကျောင်းလာတက်တယ် ဟုတ်လား...? ဘာလဲ ထပ်မူးလဲချင်လို့လား...!?"

သူ့အရှေ့ဝင်ထိုင်လိုက်တာနဲ့ ပါးစပ်ထဲထမင်းပလုတ်ပလောင်းဖြင့် ကိုယ့်ကိုဆူလာပါသော မင်ဟို...။ ရယ်လိုက်မိရင်း...

Long Nights And Daydreams (Completed)Where stories live. Discover now