Episode-29 (Final Episode)

10.2K 564 108
                                    

#Unicode

"မောင်ရေ...! ဒီနေ့ကျောင်းမှာ presentation ရှိတယ်ဆို...။ ထတော့လေ...! တော်ကြာနောက်ကျလိမ့်မယ်..."

လိုက်ကာစကိုဆွဲဖွင့်လိုက်ပြီး မောင့်ကိုနှိုးလိုက်ပေမယ့် ‌အိပ်ရာပေါ်က မောင်ကတော့ တစ်ချက်ကလေးတောင်ထမလာပဲ ဒီဇင်ဘာလရဲ့ချမ်းအေးမှုကြား စောင်ပုံထဲကိုတောင်ပို၍တိုးသွားသေးသည်...။

မောင့်ကိုကြည့်ကာတစ်ချက်ရယ်လိုက်မိရင်း အလုပ်သွားဖို့ အဝတ်အစားလဲပြီးလို့အကုန်ပြင်ဆင်ပြီးနေပြီဖြစ်တဲ့ကိုယ့်မှာ ကုတင်ပေါ်တစ်ခါပြန်တက်ရတော့၏...။ ထို့နောက် အခုထိအိပ်ချင်ယောင်ဆောင်နေသော မောင့်ရဲ့နဖူးလေးအား ခပ်ဖွဖွအနမ်းတစ်ချက်ပေးလိုက်ပြီး....

"ကဲ အိပ်ချင်ယောင်ဆောင်မနေနဲ့။ ထတော့..."

ထိုအခါကျမှ မျက်လုံးလေးတွေပွင့်လာပြီး ကိုယ့်ကိုပြုံးပြလာတဲ့ မောင်...။ ပြီးနောက် ကိုယ့်ပါးကိုရွှတ်ခနဲနမ်းသွားပြီး ရေချိုးခန်းဆီထသွားလေ၏...။ ကိုယ့်မှာတော့ စောင်ခေါက်၊ အိပ်ရာသိမ်းရင်း မောင့်ရဲ့ကလေးဆန်မှုလေးကြောင့် ခေါင်းတစ်ခါခါဖြင့်သာ ပြုံးပြုံးလေးကျန်ခဲ့ရတော့သည်...။

အခုဆို မောင်က တက္ကသိုလ်ပြန်တက်နေပြီဖြစ်သည်...။ နဂိုတည်းက ဗိသုကာပညာမှာပါရမီပါတဲ့မောင်က ဘွဲ့မရသေးတာတောင် ဗိသုကာပညာရှင်တွေလို ဒီဇိုင်းတွေဆွဲနိုင်နေပြီဖြစ်ပြီး မောင့်ဒီဇိုင်းတွေကိုကြိုက်ကြလို့ အလုပ်လာအပ်တဲ့ ကုမ္ပဏီတွေတောင်ရှိသည်...။ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးကိုလုပ်ရင်း ပျော်နေပုံရတဲ့မောင့်ကြောင့် ကိုယ်လည်းထပ်တူပျော်မိသည်...။

မောင်ကတော့ အမြဲပြောလေ့ရှိပါသည်...။ 'မောင်ဒီလိုရှိနေနိုင်တာက ယောင်းကြောင့်ပါ' တဲ့လေ...။

အခုလက်ရှိကိုယ်တို့နှစ်ယောက်ကတော့ ဘဝကို ရိုးရိုးရှင်းရှင်းလေးသာ အတူတူဖြတ်သန်းဖြစ်သည်။ အထွေအထူးကိစ္စမရှိပဲ ဒီအတိုင်းရိုးရိုးရှင်းရှင်းလေး...။

နှစ်ဖက်မိဘတွေဆီက သဘောတူလက်ခံခြင်းကိုရရှိထားပြီးဖြစ်လို့ ကိုယ်တို့နှစ်ယောက်ရဲ့ဘဝခရီးဟာ ချောမွေ့လျက်...။ ဒီအိမ်လေးဟာ ကိုယ်တို့နှစ်ဦးရဲ့ကမ္ဘာငယ်လေးပင်...။ မနက်ခင်းဆို ကိုယ်ကအရင်ထပြီး မနက်စာပြင်ကာ အိပ်ရာပေါ်မှာကိုယ့်အနမ်းမရမချင်း အိပ်ချင်ယောင်ဆောင်နေတတ်တဲ့မောင့်ကိုနှိုးရသည်...။ ပြီးရင်တော့ နှစ်ယောက်သား မနက်စာအတူစားပြီးတာနဲ့ ကိုယ်ကအလုပ်ဆီ၊ မောင်က ကျောင်းဆီ အသီးသီးချီတက်ကြ၏...။

Long Nights And Daydreams (Completed)Where stories live. Discover now