​​Part - 2

989 50 0
                                    

ဆူးခက်တယောက် မုန့်စားဆင်းချိန် အခန်းရှေ့ သစ်ပင်အောက်က ခုံလေးမှာ တယောက်ထည်းထိုင်နေသည်။ ပန်းချီလည်း အခန်းထဲတွင် တယောက်ထည်းကျန်ခဲ့ပြီး အိမ်ကပါလာတဲ့ မုန့်ဗူးထဲက မုန့်တွေ ထိုင်စားနေလေသည်။
ဆူးခက်ကတော့ မုန့်စားနေတဲ့ ပန်းချီကို တချက်တချက် လှမ်းလှမ်းကြည့်နေခဲ့သည်။ ထိုအချိန်မှာပဲ ပန်းချီအနား ကောင်လေးတယောက်ရောက်လာတာတွေ့လိုက်ရသည်။

ပန်ချီက အိမ်ကထည့်လာတဲ့ မုန့်တွေသာစားလေ့ရှိတာမို့ သူငယ်ချင်းတွေ မုန့်စားဆင်းချိန် သူတယောက်သာကျန်နေခဲ့သည်။ သူမုန့်စားနေတုန်း သူ့ဘေးနား ကောင်လေးတယောက်လာရပ်တာတွေ့လိုက်သည်။
အတန်းကြီး ခပ်ဆိုးဆိုးကောင်လေးဖြစ်နေတော့ ချက်ချင်းပဲ အတန်းထဲက ထွက်လာလိုက်ပြီး တယောက်ထည်းထိုင်နေတဲ့ ကောင်မလေးတယောက်ဆီ သူ့ခြေလှမ်းတွေကို ဦးတည်လိုက်သည်။ ဆူးခက်က သူ့ဆီလျောက်လာတဲ့ ပန်းချီကို ကြည့့်ရင်း ထိုင်ရာကနေ မတ်တပ်ထရပ်လိုက်မိသည်။

"ထိုင်မယ်နော်"
ပန်းချီက အနားရောက်လာပြီး ထိုင်ခွင့်တောင်းသည်။
"ဟုတ်"

ဆူးခက်က ပန်းချီ့ဘေးဝင်မထိုင်ရဲသဖြင့် မတ်တပ်လေးရပ်နေသည်။
"ထိုင်လေ ဘာလုပ်နေတာလဲ"
ပန်းချီက ထိုင်ခိုင်းမှ သူနဲ့ နည်းနည်းခပ်ခွာခွာထိုင်လိုက်သည်။

နှစ်ယောက်သား ထိုင်နေရင်း ငြိမ်သက်နေကြသည်။

"နင်က ငါတို့အတန်းကမလား"
"ဟုတ်"
ခုနကထည်းက ဟုတ် တလုံးထဲ ကြားနေရသဖြင့် ပန်းချီ ဆူးခက်ကို တချက် လှည့်ကြည့်လိုက်မိသည်။

"နာမည်ဘယ်လိုခေါ်လဲ"
"ဟို.... ဆူးခက်နွယ်ပါ"
"ငါ့ကို​ေတာ့သိတယ်မလား"
"ဟုတ်"
ပန်းချီ စိတ်ရှုပ်ထွေးစွာ ဆူးခက်ကို တချက်ထပ်ကြည့်လိုက်သည်။
"မုန့်သွားမစားဘူးလား"
"ဟင့်အင်း"
ဟ ဘယ်လိုကောင်မလေးလဲ။ ပန်းချီ ဆူးခက်ကို သေချာစိုက်ကြည့်လိုက်သည်။ မျက်နှာသွယ်သွယ် အသားဖြူဖြူ ချစ်စရာတော့ကောင်းသားပဲ။ အဝတ်အစားကတော့ ခပ်နွမ်းနွမ်းပါလား။
"မုန့်လိုက်စားပါလား။ ငါ့ဆီမှာ မုန့်တွေပါတယ် လာ"
ပြောရင်းနဲ့ပင် ပန်းချီက အတန်းဘက်ကိုပြန်ထွက်သွားသည်။ လှည့်ကြည့်လိုက်တော့ ဆူးခက်က ပါမလာ။
"ဟေ့ လာလေ"
ဆူးခက်ထိုင်ရာကထပြီး အတန်းထဲ လိုက်သွားလိုက်သည်။
"ရော့ ကြိုက်တာစားလိုက်"
သူ့မုန့်ဗူးလေးတွေ ထိုးပြီးပေးတော့ ဆူးခက် မယူရဲ။
"အော် ယူလေ"
"ငါမစားတော့ပါဘူး"
ပန်းချီက ဆူးခက်ကို မျက်မှောင်လေးကျုတ်ပြီး ကြည့်သည်။
အဲ့အချိန် တချို့ကျောင်းသားတွေ အတန်းထဲပြန်ဝင်လာကြပေသည်။
"ပန်းချီ ငါ့ကိုကျွေး"
ပန်းချီသူငယ်ချင်း စုထက်က မုန့်ဗူးလေးကို ယူပြီး အထဲက မုန့်တွေ ယူစားနေသည်။ ပန်းချီက ဘာမှမပြောတော့။
ဆူးခက်လည်း သူ့နေရာသူပြန်သွားထိုင်နေလိုက်သည်။
အဲ့နေ့ကစပြီး ပန်းချီက ဆူးခက်ကို သတိထားမိသွားတာဖြစ်သည်။

"ချစ်ခြင်း၏ အလွန်"Where stories live. Discover now